Extra

9.6K 416 5
                                    

Unicode

(A/N: ထိပ်စည်းပိုင်းမှာ ရေးရတဲ့အတွက် အားနာပါတယ် ၊ ဒီ extra လေးက ဘုန်းမြင့်မြတ်ကို အဓိကထားပြီး ရေးထားတာပါ ၊ မောင်တို့က နောက်ပိုင်းမှ ပါတာပါ)

စီးကရက်အား တစ်ရှိုက်ပြီးတစ်ရှိုက် ဖွာနေရင်း မိမိရှေ့၌ ရပ်နေသော သူအား အေးစက်စွာ ကြည့်နေသည် ။

"ကျုပ်ပြောထားတာကို မမှတ်မိတာလား လင်းစစ်သော်ဇင် "

"မှတ်မိပါတယ် ကိုယ်အမြဲမှတ်ထားပါတယ်"

ရပ်နေသူက တည်ငြိမ်နေပုံရပေမယ့် ရင်ထဲတော့ ကွဲကြေနေတယ်ထင်၏ ။
မျက်လုံးမှ အကြည့်တို့က နာနာကျင်ကျင်ဆွေးဆွေးမြေ့မြေ့ ။
ဟန်ဆောင်တဲ့အရာက သူ့အတွက်တော့ အခက်အခဲဆုံးပါလေ ။

ဘုန်းမြင့်မြတ်ထက် ၂နှစ်သာ ကြီးသော အဖေမတူအမေကွဲ အကို ။ တစ်နည်းအားဖြင့် မွေးစားအစ်ကို ။
မိမိချစ်မိသူက မိမိ၏ညီလေးလို့ သိလိုက်သည့် အချိန်မှာပဲ အမြန် နောက်ဆုတ်ခဲ့ပေမယ့် "မောင်"ဆိုသော ကောင်လေးကြောင့် အလူးအလဲ ခံစားနေရတဲ့ ဘုန်းမြင့်မြတ်က သူ့ကို အစားထိုးဖို့ ရွေးချယ်ခဲ့တယ်လေ ။
ငယ်နိုင်ဖို့ ဘာမှ ပြန်မပြောနိုင် ။ မိမိဘက်က တစ်ဖက်သတ်ချစ်နေရသူမို့ အကုန်လုံးကို မသိချင်ယောင် ဆောင်ပေးခဲ့ပါသည် ။

ကြာလာတော့လည်း ခံနိုင်ရည် ကုန်ဆုံးသွားပြီမို့ လမ်းခွဲစကား ဆိုမိတော့သည် ။ ရှေ့မှာ ကြည့်ပြီး နာကျင်နေရမဲ့စာရင် သူမရှိတဲ့ ဘဝမှာ တစ်ယောက်ထဲ နာကျင်နေရတာ​က သူ့အတွက်လည်း ကောင်းတယ်မဟုတ်လား ။

"ဘာလို့ လမ်းခွဲမှာလဲ ၊ နေပါဦး လမ်းခွဲရအောင် ကျုပ်တို့က ချစ်သူလည်းမဟုတ် တွဲနေတာလည်း မဟုတ်"

"အင်း...ကိုယ်သိပါတယ် ၊ ဒါကြောင့် ဒီပတ်သတ်မှုကို ရပ်ချင်တော့တာ ၊ မင်းက အခြားတစ်​ယောက်ကို ချစ်ကြောင်း ကိုယ့်ဆီမှာပဲ လာရင်ဖွင့်တယ် ကိုယ်က သူနဲ့တူတယ်လို့လည်း ပြောတယ်...
ကိုဘုန်း ...ကိုယ်က လူပါ အရုပ်မဟုတ်ပါဘူး ၊ ကိုယ့်ကို အခြားတစ်ယောက်ရဲ့ အစားထိုးပြီး ကြင်နာမှုတွေ လာပေးနေတာကို ကိုယ်သည်းမခံနိုင်တော့ဘူး
ဒါကြောင်​့ ကိုယ်တို့ ဒီမှာပဲ ရပ်လိုက်ကြရအောင် "

နားခိုခွင့် /နားခိုခြင့္ {Completed }Where stories live. Discover now