part (17)

13.2K 867 12
                                    

Unicode

မြင့်မိုရ်စကားတို့က လောင်းရိပ်အဖို့ သေချာသော အ​ဖြေတစ်ခု ထွက်လာခဲ့ပါသည် ။

" ကျေးဇူးတင်ပါတယ် မြင့်မိုရ် ၊ တကယ်တော့ ငါက ငါ့ကိုယ်ငါပဲ ကြည့်ခဲ့မိတာ ၊ မောင့်ဘက်ကို ကြည့်ဖို့ မကြိုးစားခဲ့မိဘူး ၊ နောက်မကျအောင် ပြန်ကြိုးစားမယ် ၊ ငါ့ အတိတ်ထဲက ငါ ရအောင် ရုန်းထွက်မယ်....."

သူ အတိတ်ကို အတိတ်မှာပဲ ချန်ထားခဲ့တော့မည်။ ဝမ်းနည်းစရာ အကြောင်းတွေကို ခေါင်းထဲမှ ထုတ်သင့်နေပြီ ဖြစ်သည်။ အခုသူက မောင်နှင့် ယှဥ်လျှင် ပိုရင့်ကျက်ရမည့် အရွယ် ရောက်နေပြီမဟုတ်လား ။ အတတ်နိုင်ဆုံးတော့ ထိုလူသားလေးကို စောင့်ရှောက်ပေးရမည် ။
ဒါဟာ အချစ်တစ်ခုဖြစ်သည် မဖြစ်သည်ကိုတော့ လောင်းရိပ် မသိသေးပေ ။ သို့သော် သူ မောင့်ကို မမုန်းနိုင်ရက်တာတော့ သိပါ၏။
သံယောဇဥ်ကြောင့် ဖြစ်လိမ့်မည် ။ ငယ်စဥ်ကတည်းက ဖြစ်တည်လာသော သံယောဇဉ်က အမုန်းဆီသို့ မဆောင်ကြဥ်းနိုင်ပါပေ ။

"ပြီးတော့ ငါမင်းကားကို.ယူသွားမယ်နော် ၊ ငါ့ကားက ဆီကုန်သွားလို့ "

မြင့်မိုရ်အကျီ အိတ်ကပ်ထဲမှ သော့အား.လျှင်မြန်စွား.နှိုက်ယူလိုက်ပြီး ပြေးလေသော လောင်းရိပ်အား.မြင့်မိုရ် ကြောင်ကြည့်နေပါသေးသည် ။
ပြီးမှ

"နေပါဦး ငါက ဘာနဲ့ ပြန်ရမှာလဲ ....ဟေ့ရောင် လောင်းရိပ် "

မြင့်မိုရ်အော်သံကြား၍ ထင်ပါသည် ...ပြန်လှည့်လာပြီး အနားရောက်မှ

"ဘာလို့ ခုမှ စကားကောင်းပြောရတာလဲ အစကတည်းက ပေါက်ကရတွေ မပြောဘဲ ဒီလို စကားကောင်းမျိုး ပြောပါတော့လား...ရော့ ဒီမှာ ငါ့ကားသော့ ....
ကိုယ့်ဘာသာ ဆီဖြည့်ပြီး.မောင်းခဲ့တော့ "

မြင့်မိုရ်လက်ထဲသို့ မိမိ၏ ကားသော့အားထည့်ပြီး မြင့်မိုရ်ကားရှိရာသို့ သွားလေတော့သည် ။ နောက်မှ မြင့်မိုရ်၏ အော်သံကိုတော့ ကြားလိုက်သလို ရှိသည် ။ လေတဖြူးဖြူးတိုက်နေသောကြောင့် မသဲကွဲပါ ။

......

မဂ်လာခန်းမထဲမှာ.သိသူသိပ်မရှိ၍ မောင် လိုက်၍ နှုတ်ဆက်ရသည်မှာ အနည်းငယ် ကြောက်နေမိသည်။ အစကတည်းက လူများများထဲတွင် ရောရောနှောနှောမရှိဘဲ မည်သူမျှ သတိမထားမိအောင် နေတတ်သူမို့ ယခုတွင်တော့ နေရခက်လှပါ၏ ။
အခုချိန်မှာ သူက ဇာတ်လိုက်ပဲ မဟုတ်လား ။ သတိမထားမိအောင် နေနေရင်တောင် အားလုံးက သတိထားမိကြမှာပဲလေ။

နားခိုခွင့် /နားခိုခြင့္ {Completed }Where stories live. Discover now