part (25)

12.7K 731 12
                                    

Unicode

"လုပ်ပါကွာ...ထည့်ရအောင် ဘောင်းဘီလေး ချွတ်လိုက်ပါနော် "

"မရဘူးနော် ဦးရိပ် လုံးဝမရဘူး "

"လက်တစ်ဆစ်လောက်ပဲ ရှိတာ မနာပါဘူး လျှောကနဲကို ဝင်သွားမှာ "

"မရဘူး...မရဘူး "

"ဒါဆို အဖျား ဘယ်ပျောက်တော့မလဲ "

"ဆေးသောက်ကြည့်ပါ့မယ်...နော် "

" ဒုံးကျည် ထည့်တာ​က ပိုထိရောက််တယ် ၊မောင်က ဆေးကို မျိုမချနိုင်ရင် ခက်နေဦးမှာလေ "

"ဟင့်အင် ဟင့်အင် မထည့်ဘူး ဒုံးကျည်ကြီး မထည့်ဘူး "

အိပ်ခန်းထဲမှ ထွက်ပြေးနေပြီး အသဲအသန်ငြင်းနေသော မောင့်ကို အနောက်မှ လောင်းရိပ်ကလည်း ဒုံးကျည်လေး ကိုင်ကာ လိုက်နေလေသည် ။
ပြေးရင်း ရှောင်ရင်း တိမ်းရင်းဖြင့် ဧည့်ခန်းသို့ ရောက်လာ၏ ။

"ဟ... ဘာဖြစ်နေကြတာလဲကွ "

မှုန်ကုတ်ကုတ်ဖြင့် အိမ်ထဲသို့ ဝင်လာသော မြင့်မိုရ်က ပြေးလွှားနေသော နှစ်ယောက်ကို မေးလိုက်ပါသည် ။

"ဦးမြင့်မိုရ်... ဦးရိပ်ကို ကူပြောပေးဦး.... မောင် ဆေးပဲ သောက်ပါတော့မယ်လို့ "

"မောင်က ဘာဖြစ်လို့လဲ "

"ဘာဖြစ်ရမှာလဲ ဖျားနေတာလေ ၊ ဆေးလည်း မသောက်ချင်ဘူး ဆေးလည်း မထိုးချင်ဘူးဆိုလို့ suppo လေး ထည့်မလို့ဟာ "

လောင်းရိပ်က ခပ်တည်တည်ဖြင့် ထိုင်ခုံတွင် ထိုင်ရင်း လက်ထဲမှ ဆေးကို ပြသည် ။
မောင်က လောင်းရိပ်ဘေးသို့ မျက်နှာငယ်ငယ်လေးဖြင့် တရွေ့ရွေ့ ကပ်သွားရင်း.....

"စိတ်ဆိုးသွားတာလားဟင်...ဦးရိပ် "

"မိပြီကွ "

အနားသို့ လာရပ်သော မောင်၏ ခါးကို ဆွဲယူလိုက်ကာ လောင်းရိပ်၏ ပေါင်ပေါ်သို့ ထိုင်စေလိုက်သည် ။
ရုတ်တရတ်မို့ မောင် အလိုက်သင့်လေး ပါသွားပါ၏ ။
ရုန်းရန် ပြင်လိုက်သော်လည်း လောင်းရိပ်က မောင့်တစ်ကိုယ်လုံးကို ရင်ခွင်ထဲသို့ ထည့်၍ လက်နှစ်ဖက်ဖြင့် ဖက်ထားသည်မို့ မလူးသာမလွန့်သာ ။

နားခိုခွင့် /နားခိုခြင့္ {Completed }Where stories live. Discover now