part (13)

12.1K 895 57
                                    

Unicode

"မောင်ရေ.... "

"လာပြီ သော်တာ ခဏလေး "

အိမ်ရှေ့မှ အသံကုန်အော်ဟစ်နေသော နေသော်တာ ။ မောင်နှင့် အတူတူ.ရုံးအကူစာရေးမလေးပင် ။
သက်တူရွယ်တူကလေးမမို့ လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း ရှိသော တစ်ဦးတည်းသော.သူငယ်ချင်းဆိုလည်း မမှား ။

"ဒီနေ့ စစ်စတာကြီးမလာဘူးတဲ့ ငါတို့ ညနေဘက် စောစောလစ်လို့ရပြီ ၊ ပြီးရင် မြို့ထဲ မုန့်သွားစားကြမလား ၊ ဒါမှမဟုတ် ဝက်သည်းကန်ကို ငါနဲ့ date လုပ်မလား "

"Date တာမဟုတ်ပဲ နင်ကောင်လေးတွေ ငမ်းနေတာကို ကူစောင့်ပေးရသလိုပဲ ၊ ငါပဲ အဲ့လိုတွေးနေမိတာများလား "

"ဟဲဟဲ ငါငမ်းနေတာက နင့်အတွက်ပါ ၊ နင့်အတွက် ယောက်ျားရှာပေးမလို့ "

"ရောဂါကျွမ်းနေပြီပဲ "

မောင့်စကားလုံးတို့က ဟာသဆန်ပါသည်။ ဒါပေမယ့် ဟာသတော့ မမြောက်ခဲ့ ။ မောင့်ရဲ့ လေယူလေသိမ်းတွေက တစ်ခုခုကို သတိမထားမိအောင် ဖုံးဖိထားသလိုပါပဲ ။
အတင်းလုပ်ယူနေရသော စကားလုံးတွေသာ ။

နေသော်တာဆိုတဲ့ ကောင်မလေး ။
သော်တာနှင့် အတူရှိရတာ မေနဲ့ အတူတူရှိနေရသလိုပင် ။ မောင့်အတွက် အနည်းငယ် စိတ်သက်သာရာ ရသလို ၊ အနည်းငယ် ကိုယ့်ကိုယ်ကို အပြစ်တင်စိတ်ကလေးလည်း ထွက်ထွက်လာသည် ။
အချိန်တွေ ကြာခဲ့ပြီပဲ ။ မေပြောသလို မေမေ့ကိုလည်း ဂရုစိုက်သလို ဦးရိပ်ကိုလည်း အချစ်မပျက်ခဲ့ ။
ဦးရိပ်ရဲ့ ဖေဖေ ဆုံးပြီးကတည်းက ဦးရိပ်သတင်းမကြားရတာတောင် ကြာပြီပဲ ။ နာရေးတုန်းက ခဏသာ တွေ့လိုက်ရသည်။ မောင်ကပဲ မြင်ခဲ့တာပါ ။ ဦးရိပ်ကတော့ သူ့ အာရုံနဲ့သူ ၊ သူ့အပူနဲ့သူ ။

အရာရာ ​ပြောင်းလဲသွားသည်။ အရင်တုန်းက တစ်ထပ်အဆောက်အဦးသာ ရှိသော ဆေးရုံကြီးမှာလည်း နှစ်ထပ် အဆောက်အအုံကြီးဆီသို့ ပြောင်းသွားခဲ့ပြီ ။ မောင် ပုန်းငိုခဲ့ဖူးတဲ့ ဇွန်ပန်းရုံကြီးရှိရာ ပန်းခြံကြီးနေရာမှာလည်း အဆောက်အဦးတွေ နေရာယူလာကြပြီလေ ။

မောင်လည်း ပြောင်းလဲနေပါပြီ ။ လူတိုင်းနှင့်တည့်အောင် ပေါင်းသည်။ သူတို့စကားတွေ နားထောင်ပေးရင်း.ကူညီပေးသည် ။
အရင်လို ကလေးရုပ်ကလေးမှ လူကြီးအရွယ် မရောက်တရောက် ရုပ်ကလေး.ဖြစ်သွားလေပြီ ။ နဖူးပေါ်သို့ ဝဲနေသော ဆံပင်ပျော့ပျော့လေးများက မျက်ဝန်းတစ်စွန်းတစ်စကို ဖုံးအုပ်ထားသည်။ မျက်မှန်ကိုင်း အနက်ကြီးကိုပါ တပ်ထားသောကြောင့် မောင့်မျက်ဝန်းတွေကို သေသေချာချာကြည့်တောင် ကောင်းကောင်းမမြင်ရ ။ အရင်လို နှာတံ တိုတိုစင်းစင်း ၊ နှုတ်ခမ်းဖူးဖူးလေးက မပြောင်းလဲသော်လည်း ပါးဖောင်းဖောင်းလေးကတော့ ပျောက်ကွယ်သွားပြီလေ ။
အရင်ကထပ် ပိုပိန်လာသော်လည်း ကြည့်ကောင်းနေပါသေးသည်။
ဒါပေမယ့် စိတ်ထဲမှာ ရခဲ့တဲ့ ဒဏ်ရာကတော့ မပြောင်းလဲသေးဘူးဆိုတာ မောင်တစ်ယောက်သာ.သိလေသည်။
......

နားခိုခွင့် /နားခိုခြင့္ {Completed }Where stories live. Discover now