part (24)

14.3K 796 42
                                    

Unicode

ထမင်းစားပြီး၍ လောင်းရိပ်က စာဖတ်ခန်းထဲသို့ ဝင်သွားသလို မောင်လည်း အိပ်ခန်းဆီသို့သာ ဦးတည်လိုက်သည် ။
မနက်က အနမ်းခံလိုက်ရသည့် ကိစ္စကြောင့် မျက်နှာပူနေသဖြင့် တစ်ယောက်နှင့်တစ်ယောက် မသိမသာ ရှောင်နေကြတာလည်း ပါသည် ။

ဒီနေ့ ပါလာတဲ့ အလုပ်က သိပ်တော့မများ ။

ကုတင်ပေါ်တွင် မောင် ကျကျနနထိုင်လိုက်ပြီး ဟိုစာရွက် ဒီဖိုင်ထဲပို့ ဒီစာရွက် ဟိုဖိုင်ထဲပို့ဖြင့် အလုပ်ရှုပ်နေပါသည် ။

မိုးက မသည်းသေးသဖြင့် မောင်၏ စိတ်တို့ တည်ငြိမ်နေပါသေး၏။
သို့သော် ထစ်ချုန်းလာသည့် မိုးခြိမ်းသံကြောင့် လူတစ်ကိုယ်လုံး.တုန်တက်သွားသည် ။
မိုးခြိမ်းသံကြားသည်နှင့် သူ ပထမဦးဆုံး သတိရမိသည်က မေ ။
မေနှင့်အတူ မေ့ကို ထားပစ်ခဲ့သော နေရာ၊မေ သေဆုံးမှုနှင့် မောင့်အပေါ် လူအများ၏ စက်ဆုပ်နေသည့် အကြည့်များ ၊ မိဘများ၏ အမုန်းမျက်လုံးများ အပါအဝင် မောင်ချစ်ရတဲ့ လောင်းရိပ်၏ နာကြည်းနေသည့် မျက်ဝန်များ စသည့် ဖြစ်စဥ်အားလုံးက ရုပ်ရှင်ပိတ်ကားကြီးပေါ်တွင် ပြနေသည့် ရုပ်ပုံများလို တစ်ခုပြီးတစ်ခု မောင့်ခေါင်းထဲမှာ နေရာယူလာတော့သည် ။
မိုးခြိမ်းသံများကြီးစိုးနေပြီး မိုးရွာသည့်ညက မောင့်အတွက်တော့ ငရဲတစ်ခုအလား....စိတ်အစဥ်တို့ ​ခြောက်ခြားရသည် ။

ကြီးမားကျယ်လောင်လှသည့် မိုးခြိမ်းသံကို ကြောက်သည် ။ ထိုအသံအား မကြားနိုင်စေရန် မောင် ပုန်းချင်သည် ။
မည်သူမှ မမြင်နိုင်သည့် နေရာဆို ပိုမှန်လိမ့်မည် ။
မောင်၏ စိတ်အစဥ်တို့က ကစဥ့်ကလျားမို့ အခန်းပတ်ဝန်းကျင်နေရာများအား ကောင်းကောင်း မမြင်နိုင်တော့ချေ။
ကုတင်ပေါ်မှ လူးလိမ့်၍ ပုန်းခိုးရမည့် နေရာကို လိိုက်ရှာရင်း ကုတင်ခြေရင်းကြမ်းပြင်ဆီသို့ သွားမိသည် ။
မောင့်ကိုယ်လုံးလေးက စောင်နဲ့ ကုတင်နဲ့ ကွယ်နေတာပဲလေ ။ ဘယ်သူမှ မမြင်နိုင်ပါဘူး ။

မောင်၏ ဖြစ်စဥ်တို့က လုံခြုံသော နေရာတစ်ခုကို လိုအပ်နေသည့် ကောင်ငယ်လေးတစ်ယောက်လိုပင် ။

နားခိုခွင့် /နားခိုခြင့္ {Completed }Where stories live. Discover now