part (16)

13.7K 882 43
                                    

Unicode

" မင်းက ခမ်းခမ်းနားနား လူသိရှင်ကြား လက်ထပ်ချင်တယ်.ဟုတ်လား "

"ဟုတ်ပါတယ် "

"မင်းရူးနေလား မောင် ၊ တစ်နေ့ကျ ကွာရှင်းရမှာပဲကို တိုင်းသိပြည်သိလုပ်ချင်နေသေးတာလား အခုလည်း.တစ်မြို့လုံးသိနေတာပဲလေ "

"....."

ဒီကိစ္စမှာ မောင့်ဆန္ဒ မဟုတ်ပေ ။ လောင်းရိပ်မေမေနဲ့ မောင့်မေမေ တောင်းဆိုမှုကြောင့်သာ ဖြစ်ပေသည် ။
အစက.လောင်းရိပ်ကို အရင်ပြောခဲ့ပေမယ့် ငြင်းမြဲငြင်းနေတာမို့ မောင့်ကို လာပြောကြခြင်းပင် ။ လူကြီးများက တောင်းတောင်းပန်ပန်ဖြင့် လာပြောလေတော့ မောင်လည်း မငြင်းရက်နိုင်တော့ ။
လူကြီးများ၏ စေတနာကို နားလည်မိပါ၏ ။
အထူးသဖြင့် မောင့်မေမေက တောင်းဆိုထားခြင်းကြောင်းသာ ဖြစ်သည်။ ဒီသုံးနှစ်အတွင်း မောင့်ကို စကားသေချာမပြောသော မေမေက ဒီတစ်ခါတော့ လိုလိုလားလားဖြင့် စကားပြောခဲ့ပြီး.တောင်းဆိုခဲ့ခြင်းကြောင့်ပင် ။ မေမေ့တောင်းဆိုမှုကို မောင် ဘာပဲဖြစ်ဖြစ် ရအောင် ဖြည့်ဆည်းပေးမည် ။

"မောင်.... မင်းက ဘာဖြစ်ချင်ရတာလဲ "

"မဂ်လာဆွမ်းကြွေးတင် မဟုတ်ဘဲ ခန်းမထဲမှာပါ လက်ထပ်ချင်တာပါ မောင့်ဆန္ဒကို ပြောပြတာလေ ဦးရိပ်က မလိုက်လျောချင်ဘူးလား "

"မရဘူး...ကျန်တာ တောင်းဆို ၊ ဒါတော့မရဘူး "

လောင်းရိပ် ဘာကြောင့် ငြင်းနေသည်ကိုတော့ မောင် နားမလည်နိုင် ။

"ဘာလို့လဲ ဘာလို့ မရတာလဲ "

"တစ်နေ့ကျရင် ကွာရှင်းမှာပဲလေ ၊ ဘာလို့အကျယ်ချဲ့နေဦးမှာလဲ "

"သိပါတယ်...ဒါပေမယ့် မောင့်ဆန္ဒကို.ထုတ်ပြောပြတာပါ ၊ ဦးရိပ်က နည်းနည်းဖြစ်ဖြစ် မောင့်ကို မလိုက်လျောချင်ဘူးလား ၊ ဒီတစ်ခုပဲ တောင်းဆိုရုံပါ "

"ဒါဆို အဲ့ဒီ လက်ထပ်ပွဲမှာ မင်း မိန်းကလေးလို ဝတ်နိုင်လား ၊ မင်းဝတ်နိုင်တယ်ဆိုရင် ငါခမ်းခမ်းနားနား.စီစဥ်ပေးမယ် ၊ ဆွမ်းကျွေးတင် မဟုတ်ဘဲ ဒီမြို့က ဟိုတယ်ခန်းမမှာ မဂ်လာပွဲ လုပ်ပေးမယ် ၊ ဘယ်လိုလဲ "

နားခိုခွင့် /နားခိုခြင့္ {Completed }Where stories live. Discover now