part (21)

13.8K 871 27
                                    

Unicode

တစ်နေ့လုံး အဆင်ပြေပြီးမှ ညဘက်တွင်တော့ ခေါင်းခြောက်ရပြန်ပါသည်။

အကြောင်းအရာကတော့ အိပ်စရာနေရာပင် ။

"အိမ်မှာ အခန်း.သုံးခန်းရှိတယ် မောင် ၊ တစ်ခန်းက ကိုယ့်အခန်း ၊ တစ်ခန်းက ကိုယ်စာဖတ်တဲ့အခန်း ၊ တစ်ခန်းက မေမေအိပ်သွားတဲ့အခန်း...အဲ့ဒါက ရေချိုးခန်း သီးသန့်မရှိဘူး...မောင် ဘယ်အခန်းမှာ နေမလဲ ....
၊.... ကိုယ့်အခန်းမှာပဲ နေလိုက်တော့နော် ၊ ယော်ကျားလေးအချင်းချင်းပဲ မျှသုံးလို့ ရတယ်မလား "

"ဗျာ "

မောင့်ကို ရွေးခွင့်ပေးတာမဟုတ်ဘဲ သူဘာသာသူ ရွေးသွားသော လောင်းရိပ်ကတော့ ထမင်းစားခန်းထဲသို့ ဝင်သွားလေသည်။ မောင်ကတော့ ဧည့်ခန်းထဲ၌ ထိုင်နေသေး၏ ။

"မောင်...ညစာအတွက် ဘာဟင်းနဲ့စားမလဲ "

မီးဖိုချောင်မှ လှမ်းအော်ပြောနေသော လောင်းရိပ်အသံကြောင့် မောင်လည်း လောင်းရိပ်ရှိရာသို့ သွားလိုက်သည်။

ဂတ်စ် မီးဖိုးနား အလုပ်ရှုပ်နေသော လောင်းရိပ်အနားသို့ သွားလိုက်ပြီး

"ဦးရိပ်က ဟင်းချက်တတ်တယ်လား "

"နည်းနည်းပါးပါးပါ လက်ရာကတော့ အကောင်းကြီး.မဟုတ်ပေမယ့် စားလို့တော့ ဖြစ်ပါတယ်...
မောင် ဘာစားချင်လဲ "

"ရေခဲသေတ္တာထဲမှာ ဘာမှ မရှိဘူးမဟုတ်ဘူးလား "

"အာ...ဟုတ်သားပဲ အပြင်ပဲ ထွက်စားမလား "

ရေခဲသေတ္တာကို ဖွင့်ကာ တစ်ခုခု ရှိလိုရှိငြား မောင် ရှာကြည့်လိုက်သည်။

"ဒီမှာ ကြက်ဥတွေ ရှိသားပဲ ၊ ဂေါ်ရခါးညွန့် တွေကော ၊ သရက်ချဥ်ရော ...ဦးရိမ် မေမေ ဝယ်ပေးသွားတာထင်တယ် "

"ဒါတွေပဲ ချက်လိုက်တော့မယ်လေ... ကိုယ်ချက်ပြီးရင် မောင့်ကို ခေါ်လိုက်မယ် မောင်က သွားနားချည်"

လောင်းရိပ်က  ရေခဲသေတ္တာနားတွင် ရပ်နေသော မောင်အား ပုခုံးကို ကိုင်ပြီးလျှင် အပြင်သို့ တွန်းထုတ်နေသည်။

အခန်းအပြင်သို့ ရောက်ခါမှ မောင်က လောင်းရိပ်ဘက်သို့ စူးစမ်းလိုသော မျက်နှာဝန်းလေးဖြင့် လှည့်ကြည့်လိုက်သည် ။ မျက်နှာထားလေးကတော​့ ထုံးစံအတိုင်း.အေးစက်စက်ကလေးပေါ့ ။

နားခိုခွင့် /နားခိုခြင့္ {Completed }Where stories live. Discover now