part (2)

13.7K 928 17
                                    

Unicode.

"Hi မောနင်း ကြီးကြီး"

မနက်ခင်းရဲ့ သာသာယာယာရှိတဲ့နေလေး ။ လောင်းရိပ်ဒီကိုရောက်တာ ၅ရက်တောင် ရှိတော့မည်။
မနက်စာစားပြီးလျှင် မောင်တို့ဆီသွားမည်။ ဖေဖေက အမြဲအလုပ်များသူဖြစ်၍ မြို့အနှံ့သို့ လိုက်မပို့နိုင် ။ လောင်းရိပ်သာ ဖေဖေ့ဆီလိုက်နေလျှင် တနေ့တနေ့ အိမ်ထဲမှာသာ နေရ၍ ပျင်းစရာ တော်တော်ကောင်းလောက်မည်။ မောင်နဲ့မေ ရှိ၍သာ တော်တော့သည်။

"သားလောင်းရိပ် နိုးလာပြီးလား "

"ဟုတ်တယ် ကြီးကြီး ၊ ကျွန်တော် ဗိုက်ဆာတယ် breakfast က ဘာလေးလဲ "

"မနက်စောစော စတော်ပဲပြုတ်ကလေးသွားဝယ်ပြီး ထမင်းကြမ်းနဲ့ ကြော်ထားတာတော့ရှိတယ် ၊ သားက ဘာစားချင်လဲ "

"အဲ့တာပဲ စားလိုက်တော့မယ် ၊ ဒါနဲ့ ဖေဖေကော "

"မြို့နယ်အစည်းအဝေးတဲ့ ခုလေးတင် ထွက်သွားတာ ၊ သားဘာလိုချင်လို့လဲ "

"မေးကြည့်တာပါ ၊ ကျွန်တော်ရောက်ကတည်းက ဖေဖေနဲ့ စကားအများကြီး.မပြောရသေးဘူး ၊ တနေ့တနေ့ လုပ်စရာတွေပဲ ပုံနေတဲ့ပုံ"

"ဟုတ်တယ် သားရေ ၊ မင်းအဖေကို ကြီးကြီးလည်း ပြောပါတယ် နည်းနည်းပါးပါးနားပါဥိီးဆိုတာကို ၊ သူက အဲ့အလုပ်မှာပဲ ပျော်နေတော့ ကြီးကြီးလည်း တားမရပါဘူးကွယ် "

"ကြီးကြီးမောင်ပဲလေ ၊ ခေါင်းမာတာကတော့ မောင်နှမတွေပါလို့ ပြောစရာကို မလိုဘူး "

မေမေက မကွေးမှာသာနေပြီး ဖေဖေကတော့ ဒီနယ်မြို့လေးမှာသာ အမဖြစ်တဲ့ ဒေါ်ခင်မျိုးနှင့် အနေများသည်။ဒေါ်ခင်မျိုးက ဒီမြို့မှာသာ အိမ်ထောင်ကျပြီး မောင်ဖြစ်သူ စားရေးသောက်ရေးအတွက် စီမံပေးလေ့ရှိသည်။ အမေဖြစ်သူကလည်း ဆရာဝန် ၊ အဖေဖြစ်သူကလည်း ဆရာဝန်ဆိုတော့ လောင်းရိပ်ပါ မိဘများကို အားကျမိပြီး ရန်ကုန်ဆေးတက္ကသိုလ်ကို လျှောက်လိုက်ရာ အခု ပထမနှစ်ပင် တက်ရတော့မည်။
မေမေနဲ့ ဖေဖေက ဆရာဝန်ချင်းတူပေမယ့် ခံယူချက်တော့မတူ။ ဖေဖေက ဆရာဝန် တကယ် လိုအပ်သည့် နေရာများသာ တာဝန်ထမ်းချင်သော်လည်း မေမေကတော့ တက္ကသိုလ်ဆေးရုံကြီးတွေ၌သာ အေးအေးဆေးဆေး  အလုပ်လုပ်လိုသည်။ ခံယူချက်ချင်းမတူသော ထိုနှစ်ယောက်ကတော့ သူတို့နေရာမှာ မွေ့လျော်နေကြတာပင် ။

နားခိုခွင့် /နားခိုခြင့္ {Completed }Where stories live. Discover now