part (18)

13.5K 885 17
                                    

Unicode

"မေမေ မနားသေးဘူးလား တစ်မနက်လုံး ပင်ပန်းနေတာကို"

ဧည့်ခန်းထဲတွင် ထိုင်ကာ အိတ်ထဲမှ ပစ္စည်းတချို့ ထုတ်နေသော မေမေ့အား.လောင်းရိပ် အနားယူစေချင်၍ ပြောလိုက်ပါသည်။ ဆံထုံး ထုံးထားသည်တောင် မဖြုတ်ရသေးသည့် မေမေကတော့ မိတ်ကပ်တောင် ဖျက်မထားသေးပါလေ ။ ပန်းရောင် ချိတ် ဝမ်းဆက်ဖြင့် ဘယ်အချိန်မဆို ကျက်သရေ ရှိစွာ လှပနေဆဲပင် ။
အမေဖြစ်သူကတော့ ထိုစကားအား.မကြားသည့်အလား.သူ့မ အိတ်ထဲမှ လက်စွပ်ထည့်သည့် ဘူးလေးကို ထုတ်လိုက်ပြီး လောင်းရိပ်အား.သူမ အားသို့ ထိုင်ရန် ပြောလိုက်သည်။

"သား...မေမေ့အနား.ခဏထိုင်ဦး "

ဘာမှ မပြောဘဲ သူမ အနားသို့ ဝင်ထိုင်လိုက်တော့ လောင်းရိပ် လက်ထဲအား.လက်စွပ်ဘူးလေး.လာထည့်သည်။

"ဒီလက်စွပ်ကလေးက သား ဖေဖေရဲ့ ဘိုးစဥ်ဘောင်ဆက်ကတည်းက အိမ်ရဲ့ ချွေးမဖြစ်သူကို ပေးရတာပဲ ၊ အင်း...အခုတော့ သမက်ပေါ့လေ ၊ ဒီလက်စွပ်ကို သား.တကယ်ပဲ သားရဲ့အိမ်ထောင်ဖက်အဖြစ် သေသေချာချာလက်ခံနိုင်ပြီဆိုမှ မောင့်ကို ပေးပါ ၊ မေမေ့တုန်းကတော့ မဂ်လာသက်တမ်း.တစ်လပြည့်မှ ရတာပဲ၊ အဲ့တုန်းက မင်းအဖေနဲ့တောင်.ရန်ဖြစ်လိုက်သေးတယ် ဟင်းဟင်း ၊  သားအလှည့်တော့ မသိဘူးပေါ့လေ "

လက်စွပ်ဘူးလေးထဲမှ လက်စွပ်လေးအား ထုတ်ကြည့်လိုက်သည်။ ကြည်လင်နေသော အဖြူရောင် ကျောက်ပုံစံလေး ။ စိန်ဖြစ်လိမ့်မည်။ ပုံစံကား.ရိုးရှင်းလွန်းပါ၏ ။ ရွေအသားထဲ၌ စိန်သုံးပွင့် မြှုပ်ထားခြင်းသာ ဖြစ်သည်။

မိန်းကလေးဝတ်မို့ ကွင်းကျဥ်းသော်လည်း မောင့်လက်က သေးသေးမို့ ကိစ္စမရှိပါ ။ ဒီလက်စွပ်ကို မောင်အား.သူပေးနိုင်ပါ့မလား ။ ယခု သူတို့၏ ဆက်ဆံရေးကား နှစ်နှစ်တာ ဆက်ဆံရေးသာ မဟုတ်ပေလား ။

"ဘာတွေစဥ်းစားနေလို့ အရမ်းငြိမ်နေတာလဲ လောင်းရိပ် "

"ဗျာ..."

"စိတ်ဖိစီးနေတာလား ၊  မင်းဖေဖေ ဆန္ဒကို လိုက်လျောခဲ့တာဆိုတာ မေမေသိပါတယ် ၊ ဒါပေမယ့် သား အဆုံးထိ ငြင်းနိုင်သေးတယ်လေ ၊ . မောင့်ကို လက်ထပ်ရမယ်ဆိုတုန်းက သား မငြင်းခဲ့ဘူးနော် "

နားခိုခွင့် /နားခိုခြင့္ {Completed }Where stories live. Discover now