part (12)

12K 868 28
                                    

Unicode

နားထဲတွင် ဗလုံးပထွေးသံများ.ဆူညံနေရာမှ တဖြေးဖြေး အသံများ.ကြည်လင်လာပါ၏ ။ မျက်လုံးအား ဖြေးညင်းစွား.ဖွင့်ကြည့်လိုက်တော့ မျက်နှာကျက်ဖြူဖြူ ။
ဒါ ဆေးရုံပဲ ၊ နှာခေါင်းထဲမှာ.ပိုးသတ်ဆေးနံ့ ရနေတာက ပို၍ သေချာစေသည်။

"မေ..."

သူ မေ့ကို သစ်ပင်အခေါင်းထဲမှာ ထည့်ထားခဲ့တာ ၊ ပြီးတော့ လူသုံးယောက်ကို တွေ့တယ် ၊ အဲ့နောက် ဘာမှ မသိတော့ ။
သူ မေ့ကို ကတိပေးထားခဲ့တာလေ ။ သေချာပေါက် ပြန်လာခေါ်မယ်လို့ ။ ခု...အခု ဘယ်ချိန်ရှိနေပြီလဲ ။

"ငမောင်....နင် နိုးလာပြီပေါ့ ဟုတ်လား...၊ နင့် ညီမ နင့်ညီမ မေလေးဘယ်မှာလဲ "

မောင့် မေမေရဲ့ ဒေါသထွက်နေသော အသံအား ကြားလိုက်၍ လှည့်ကြည့်လိုက်ပါသည်။ ဒေါသတွေ ပြည့်နှက်နေတဲ့ မျက်ဝန်းတွေပဲ ။ ဘေးမှာက အပြစ်ရှိတဲ့ လူတစ်ယောက်လို ရပ်နေတဲ့ ဖေဖေ ။
ကုတင်ဘေးမှာ စိုးရိမ်တကြီး.ရပ်ကြည့်နေတဲ့ ဘုန်းမြင့်မြတ် ။
လည်ချောင်းများ ခြောက်ကပ်နေသဖြင့် အသံပင် ထွက်မရ ။
ထို့နောက် မြင့်မိုရ် ရောက်လာသည် ။

"မောင်....သက်သာရဲ့လား "

"ဟို..."

မောင့်ရဲ့ လည်ချောင်းခြောက်နေရာမှ ထွက်လာသော အသံကြောင့် မြင့်မိုရ် ဘေးမှ ရေတစ်ခွက်ကို ယူကာ မောင့်အား ဖြေးညှင်းစွာ သောက်စေသည်။

"ဟဲ့.... ငမောင်...ငါမေးနေတာလေ မေကရော ၊ ငါ့သမီးလေးကရော...ဟမ်"

"သူ...သူ.."

"ထားပစ်ခဲ့တာပါ "

အသံလာရာသို့ ကြည့်လိုက်တော့ လဲ့ရည်ထက် ။ အကောင်းပကတိအတိုင်းတောင် ပြန်ဖြစ်နေပြီ ။ ငိုသံရောနေသော အသံဖြင့်ပြောနေသော လဲ့ရည်ထက်ကို မောင် နားမလည်နိုင်သေး ။

"မောင်က မေ့ကို ထားပစ်ပြီး သမီးကို ခေါ်ပြီး ထွက်ပြေးလာတာပါ အဒေါ် "

"ဘာ..."

လဲ့ရည်ထက်စကားကြောင့် မောင် အံ့သြလွန်း၍ အသံတိုးတိုးလေးသာ ထွက်နိုင်ပါတော့သည်။

"သမီးက ခေါ်ဖို့ ပြောပါတယ် ၊ ဒီက မောင်က ထားပစ်ခဲ့တာ ၊ မေလေးခမျာ...မပြေးနိုင်ရှာလို့ မောနေတာကို နှေးတယ်ဆိုပြီး.ထားခဲ့တာ "

နားခိုခွင့် /နားခိုခြင့္ {Completed }Where stories live. Discover now