part (34)

13K 686 5
                                    

Unicode

"မောင်က ဘယ်အချိန်မှ နိုးမှာလဲဟင် "

အရေးပေါ်အခန်းထဲတွင် အသက်ရှူရန် အထောက်အကူပစ္စည်းများကြား အိပ်စက်နေပါသော မောင့်အား အပြင်မှ ကြည့်နေကြသူများ ။
မြင့်မိုရ် ၊ သော်တာ ၊ ထက်မြက်ချို နဲ့ ဘုန်းမြင့်မြတ် ၊ မေ ။

"ဒီမိန်းမနဲ့ တွေ့တိုင်း မောင် တစ်ခုခု အမြဲဖြစ်ရတယ် "

သွားကြားထဲမှ လေထွက်နေသော အသံဖြင့် ဘုန်းမြင့်မြတ်က မကြေနိုင် မခဲနိုင် ပြောနေတော့ သော်တာက ထောက်ခံသည် ။

"ဟုတ်တယ် "

"သူမရှိမှ အေးမှာ "

ထိုစကားကို မြင့်မိုရ်ကလည်း ခေါင်းငြိမ့်ထောက်ခံသည် ။

"ကျုပ် သူ့ကို သွားသတ်လိုက်မယ် "

"ဟဲ့ "

လဲ့ရည်ထက် ရှိသည့် အခန်းဘက်သို့ သွားတော့မည် ပြင်နေသော ဘုန်းမြင့်မြတ်အား အနားတွင် ရှိသော ထက်မြက်ချိုက အကျီ လက်ကို ဆွဲထားလေသည် ။
ပြောရင် ပြောတဲ့အတိုင်း လုပ်မည့် ဘုန်းမြင့်မြတ်ကတော့ ကမူးရှူးတိုး ။

"​မောင်က သူ့အသက်နဲ့ ရင်းပြီး ကယ်ထားတာလေ မင်းသာ ဟိုမိန်းကလေးကို သွားသတ်လိုက်ရင် မောင့်အတွက် အလကားဖြစ်သွားမှာပေါ့ "

ထိုစကားကြားမှသာ ငြိမ်သွားသော ဘုန်းမြင့်မြတ်အား ထက်မြတ်ချို လွှတ်ပေးလိုက်ပါသည် ။

"ဘယ်အချိန် ပြန်သတိရမှာလဲ "

"တပ်အပ် မပြောနိုင်သေးဘူး ၊ သွေးထွက်လွန်ထားတော့ ဦးနှောက်ဆီကို ပို့တဲ့သွေးတွေပါ အများကြီး ဆုံးရှုံးထားရတာ သတိမေ့တာ အချိန်မကြာစေဖို့ပဲ မျှော်လင့်ရမှာပဲ "

ထက်မြက်ချို၏ ခပ်လေးလေးပြောနေသော စကားက ကျန်​လေးယောက်ရင်ထဲ ပို၍လေးသွားသလိုပါပင် ။

"မောင် မြန်မြန် သတိရမှ ဖြစ်မယ် မဟုတ်ရင် ရိပ်ပါ လဲလိမ့်မယ် "

မောင့်ဘေးတွင် မလှုပ်မယှက် ထိုင်နေပါသော လောင်းရိပ်ကို ကြည့်ရင်း စိတ်မကောင်းသံစွက်နေသည့် အသံဖြင့် ပြောလေသည် ။

နားခိုခွင့် /နားခိုခြင့္ {Completed }Where stories live. Discover now