part (30)

12.4K 711 9
                                    

Unicode

"ဒီအိမ်က ဒေါက်တာ လောင်းရိပ်ရင်ခွင်ရဲ့ အိမ်လား မောင်ရင် "

"ဟုတ်ပါတယ်ဗျ "

ရုံးပိတ်ရက်၏.နံနက်ခင်းတစ်ခုတွင် မနက်စာ အတွက် လောင်းရိပ်ကြိုက်သည့် မုန့်ပျားသလက် သွားဝယ်ရန် ခြံထဲမှ အထွက် တိုက်ပုံအနက်ဝတ်ထားကာ ပုဆိုးအနီအကွက်စိပ်ကို ဝတ်ထားသည့် ခပ်ဝဝ လူကြီးတစ်ယောက်နှင့် မောင် တွေ့နေရခြင်း.ဖြစ်ပါသည် ။

"ဒေါက်တာက အခု အိမ်ထဲမှာရှိလား "

"ဟုတ်ကဲ့ ရှိပါတယ်ဗျ ဦးရိပ်ရဲ့ မိတ်ဆွေများလား "

"အေးကွယ် အဲ့လိုပဲ ပြောရမှာပေါ့ "

"အိမ်ထဲကို ကြွပါဗျ ၊ ကျွန်တော် ဦးရိပ်ကို ခေါ်ပေးပါ့မယ် "

အိမ်ထဲသို့ပါ ခေါ်လိုက်ပြီး ဧည့်ခန်းထဲတွင် ထိုလူကြီးအား.ထိုင်ခိုင်လိုက်သည် ။
ထို့နောက် လောင်းရိပ်ရှိနေသော အခန်းထဲသို့ မောင် ဝင်သွားလိုက်ပါ၏ ။
လောင်းရိပ်သည်က မနိုးသေး ။ အိပ်ယာထက်တွင် နှစ်ခြိုက်စွာ အိပ်နေသေးသည် ။
အိပ်နေသူကို မနှိုးချင်သော်လည်း ဧည့်သည်ကို စောင့်ခိုင်းရသည်မှာ အားနာစရာ ကောင်းသည် မဟုတ်လား ။

"ဦးရိပ်....ဦးရိပ်ရေ "

လောင်းရိပ်အိပ်နေသည့် ကုတင်ဘေးသို့ ကပ်ကာ လောင်းရိပ် ကြားနိုင်လောက်သည့် အသံဖြင့် နှိုးလိုက်သော်လည်း နိုးမလာ​သေး ။
လောင်းရိပ်၏ လက်ကို ကိုင်လှုပ်၍ နှိုးကြည့်သည် ။

"ဦးရိပ် ထဦး ဧည့်သည် ရောက်နေလို့ "

"မျက်လုံးတွေ မဖွင့်ချင်သေးဘူး မောင်ရာ "

"ပြီးမှ ပြန်အိပ်လေ ဧည့်သည်ကို စောင့်ခိုင်းထားရတာ အားနာလို့ပါ ၊ဦးရိပ်ရဲ့ မိတ်ဆွေတဲ့ အသက် ၅၀ကေျာ်ကျော် ဦးလေးကြီးတစ်ယောက် ရောက်နေတယ် "

"မနက်စာကြီးကိုကွာ တကယ်ပါပဲ ၊ ညက ပင်ပန်းထားပါတယ် ဆိုနေ  "

ဧည့်သည်ကို မကျေမနပ်ဖြင့် ပြောကာ ထထိုင်လိုက်လေသည် ။
ညက ဆေးရုံတွက် ညဂျူတီကျရာ၌ တစ်ညလုံး လူနာများ လာနေသဖြင့် မအိပ်ခဲ့ရသေး ။ မနက် အိမ်ပြန်လာမှသာ အိပ်ရသောကြောင့် အိပ်ရေး မဝသေးခြင်း ဖြစ်သောကြောင့် မထချင်သေး ။

နားခိုခွင့် /နားခိုခြင့္ {Completed }Where stories live. Discover now