part (27)

12.5K 763 15
                                    

Unicode

"မောင်ရေ..."

"ဗျာ"

"ဘယ်မှာလဲ "

"အိမ်သာထဲမှာပါ "

"ဪ အင်းအင်း...အေးအေးဆေးဆေး ပါနော်"

ဒါကတော့ မောင် မနက်တိုင်း ကြုံတွေ့လာရတဲ့ အရာတစ်ခု ။

"မောင်...အဲ့ဓားကြီးနဲ့ ဘာလုပ်မလို့လဲ "

"ကြက်သားလှီးမလို့ "

"မလှီးနဲ့ ဒီတိုင်းကြော်လိုက် "

"အကောင်လိုက်ကြီး မကြော်တတ်ဘူးလေ"

ဟင်းချက်တိုင်းလည်း ကြုံရစ​မြဲ...။

"မောင်...အဲ့ဆေးဘူးတွေက ဘာလုပ်မလို့လဲ "

"ဦးရိပ် စားပွဲပေါ်က ဟာတွေလေ ၊ ရှုပ်နေလို့ ရှင်းပေးနေတာပါ "

"ကိုယ်ပဲ ရှင်းလိုက်မယ်နော် မောင်က အေးအေးဆေးဆေးပဲနေ ok "
...

"မောင်.... ဒီနိုင်လွန်ကြိုးကြီး​က ဘယ်ကထွက်လာတာလဲ "

"အဲ့တာက ဘေးခြံက အိမ်ကို လာပို့တာပါ ၊ လူမရှိလို့ မောင့်ဆီ ခဏထားခဲ့တာ "

"အခု လူရှိပြီထင်တယ် ၊ ကိုယ်သွားပေးလိုက်မယ်နော် "

မောင် ဘာလုပ်လုပ် နောက်ကနေ မျက်စိဒေါက်ထောက် ကြည့်နေသလို လောင်းရိပ် ပြူမူနေမိသည်  ။ နားမလည်တဲ့ မောင်ကတော့ အမြဲ အူကြောင်ကြောင် မျက်နှာလေးနှင့်သာ နေရမြဲပင် ။

.....

"ဟေ့...ချာတိတ် ၊ လောင်းရိပ်ကို တွေ့မိသေးလား "

မုန့်ဆိုင်မှ ထွက်လာသော နေသော်တာ၏ လက်မောင်းကို ဆွဲ၍ မေးလိုက်သည့် သူကတော့ မြင့်မိုရ် ။

"ဖြေးဖြေးဆွဲပါ အားကြီးနဲ့ "

"လောင်းရိပ်ကို ဘယ်နေရာမှ တွေ့မိသေးလဲ ၊ အဲ့ကောင် ခုတလော ရုံးခန်းထဲမှာကို မရှိဘူး "

"ဘယ်ရှိမလဲ... ဦးရဲ့ သူငယ်ချင်းက ရုံးခန်းမှားထိုင်နေတာလေ "

နေသော်တာ၏ ပြောစကားကို မြင့်မိုနားမလည်၍ ထပ်မေးလိုက်သည် ။

"ကေွ့ဝိုက်မနေနဲ့ ချာတိတ်လေး .... ကိုယ်မအားဘူး မြန်မြန်ဖြေ "

နားခိုခွင့် /နားခိုခြင့္ {Completed }Where stories live. Discover now