part (29)

12.2K 735 9
                                    

Unicode

"မောင်...ညနေကျ အကို့မွေးနေ့ပွဲ ရှိတယ် လာခဲ့မယ်မလား "

ပျောက်တော်မူနေသော ဘုန်းမြင့်မြတ်က ရုတ်တရတ်ဆိုသလို ဆေးရုံကို ရောက်ချလာကာ မွေးနေ့ပွဲကို အပိုင်ချုပ်သည့် စကားဖြင့် ဖိတ်နေသဖြင့် မောင် ဘာဆက်ပြောရမှန်းတောင် မသိတော့ ။

"ဟို ဆရာဝန်ကိုလည်း ခေါ်ခဲ့လို့ ရပါတယ် "

လောင်းရိပ်ကို ပြောနေခြင်း ဖြစ်သော်လည်း.ဘုန်းမြင့်မြတ်၏ အသံက ကြည်ကြည်ဖြူဖြူတော့ မရှိသေးပေ ။

"ဟုတ်ကဲ့...ဦးရိပ် အားတယ်ဆိုရင် လာခဲ့ပါ့မယ် "

"ဟုတ်ပြီ.... ဒါဆို အကိုသွားတော့မယ်နော် "

"ဟုတ်ကဲ့ "

မောင်တို့ ရုံးခန်းအဝတွင် ရပ်နေသော ဘုန်းမြင့်မြတ်အား ဆေးရုံ၏ ပေါ်တီကို အောက်တွင် ရပ်ကြည့်နေသူက လောင်းရိပ် ။

ရုံးခန်းဘက်ကို ကျောခိုင်းကာ လာနေသော ဘုန်းမြင့်မြတ်က လောင်းရိပ်ကို မြင်သွားကာ လောင်းရိပ်ဆီသို့ ခြေလှမ်းများ.ဦးတည်၍ လျှောက်လာသည် ။

လောင်းရိပ်ကို မျက်တောင် မခတ်ဘဲ စေ့စေ့ကြည့်နေသလို လောင်းရိပ်ကလည်း အကြည့်လုံးဝမခွာ။
နှစ်ယောက်လုံးဆီမှ အကြည့်စူးစူးရှရှတို့က အေးစက်စက် ။

"ဘာကြည့်နေတာလဲ ခင်ဗျားက "

"မင်းကြည့်လို့ ကြည့်နေတာလေ "

အပြောချိုချိုလေးဖြင့် စတင်နှုတ်ဆက်ကြသည်အထိ ခင်မင်ကြခြင်းပါလေ ။

"ထားပါ....မေ ပြန်ရောက်ပြီလို့ ကြားတယ် "

"ဟုတ်တယ် ရောက်ပြီ "

"ခင်ဗျား မေ့ဆီ ပြန်သွားလို့ကတော့ ကျုပ်အလွတ်ပေးမှာ မဟုတ်ဘူးနော် ၊ မောင် နာကျင်နေတာ ထပ်မြင်ရရင် ခင်ဗျား အသက် အာမသာခံထား "

"မောင်က ငါ့အမျိုးသားပါ ၊ ငါ ဘယ်တော့မှ ထားသွားမှာမဟုတ်ဘူး "

"ထားရဲထားကြည့်လေ "

"နေပါဦး ငါက မင်းစကားပြောတာကို ဘာလို့ နားထောင်နေရမှာလဲ "

" နားပိတ်ထားပေါ့ "

ဖြေလိုက်သည့် လေသံက လူလိုပဲ အချိုးကို မပြေလှပါ ။

နားခိုခွင့် /နားခိုခြင့္ {Completed }Where stories live. Discover now