part (6)

11.2K 906 8
                                    

Unicode

"ဟိုးတုန်းကအတိုင်း...တို့နေမယ်..... တစ်ယောက်နဲ့တစ်ယောက်က မသိသလိုကွယ် ၊ အရင်က အဖြစ်အပျက်တွေကို အိပ်မက်တစ်ခုလို ငါသိမ်းကာထား...လိုက်မယ်"

"တော်ပါတော့ကွာ ၊ ဒီသီချင်းပဲ လှည့်ပတ်ဆိုနေတာပဲ ၊ အရင်ရည်စားကို လွမ်းလို့ မပြီးနိုင်ဘူး "

လမင်းကြီး.ထိန်ထိန်သာနေသော လပြည့်ညတစ်ည...
ဆရာဝန်ကြီး၏ အိမ်ရှေ့ ပုန်းညှက်ပင်အောက်မှာ ခုံလေးတွေချပြီး.ဂစ်တာလေးတစ်လက်ဖြင့် မြင့်မိုရ်က သီချင်းများဆိုနေသော်လည်း.ကီးကြောင်ကြီး.ဖြစ်နေသဖြင့် လောင်းရိပ် နားမခံနိုင်လွန်း၍ ပြောလိုက်ခြင်းပါပေ ။

သီတင်းကျွတ်လပြည့်ညမို့ ဆေးရုံဝန်ထမ်းလိုင်းခန်းမှာ ဆီမီးရောင်များဖြင့် ထိန်းလင်းနေသလို မိုးပေါ်မှ လမင်းကြီးကလည်း အပြည့်အဝ ထိန်ထိန်သာပေးနေသည် ။
အိမ်ရှေ့ မီးသီးများ ပိတ်ထား၍ သဘာဝဖြစ်သော လမင်းအလင်းက ပိုဖြန့်ကျက်နေပါသည်။
ဝန်ထမ်းများ၏ ကလေးသူငယ်များကတော့ ဖယောင်းတိုင်မီးထည့်ထွန်းထားသော ယုန်ရုပ်ကလေးများ ၊ ဆင်ရုပ်ကလေးများ ၊ လေယာဥ်ပျံလေးများကို မြေပြင်ပြန့်ပြန်ပြူးပြူးတွင် ပျော်ပျော်ပါးပါးတွန်းကာ ကစားနေကြသလို လူကြီးများကလည်း အိမ်ရှေ့ လသာသာအောက် မြေပြင်ပေါ် ခုံလေးများဖြင့် ထိုင်ရင်း.ကစားနေသော ကလေးများအား ကြည့်ရင်း စကားပြောနေသည်။ ဘေးနားက ခုံလေးကို စားပွဲ သဖွယ် လက်ဘက်သုပ် ပန်းကန်လေးတွေလည်း.တင်ထားလို့ပေါ့။ စားလည်းစားကြပါတယ်လေ။

လူနာများထားရှိသော လူနာဆောင်နှင့် အနည်းငယ်ဝေးသောကြောင့် ဆေးရုံဝန်ထမ်း မိသားစုများသာရှိလေသဖြင့် လွတ်လပ်လှပါသည်။

မီးပုံးလေးကိုင်ကာ လာနေသော မောင် ။
အနီရောင် မီးပုံးလေးမှ အရောင်ဟပ်နေမှုကြောင့် မောင့်မျက်နှာလေးမှာ ရဲရဲနီ​နေသလို မျက်လုံးအရောင် တောက်တောက်လေးဖြစ်နေသည်။ လောင်းရိပ်နှင့် မြင့်မိုရ်ထိုင်နေသော နေရာဆီသို့ တရွေ့ရွေ့ လာနေသည်ကို မြင့်မိုရ်ကော လောင်းရိပ်ပါ ငေးကြည့်နေပါ၏ ။
ဖြူစင်သောအသားအရည်နှင့် လိုက်ဖက်စွာ အနီရဲရဲ ဟူဒီလေးကို ဝတ်ဆင်ထားပြီး ရာသီဥတုအေးလာသောကြောင့် ဂွမ်းဘောင်းဘီလေးကို ဝတ်ထားသည်။

နားခိုခွင့် /နားခိုခြင့္ {Completed }Where stories live. Discover now