part (14)

12.1K 850 27
                                    

Unicode

"ဒီအတောအတွင်း.ကျွန်တော့ကြောင့် ပင်ပန်းခဲ့ရပြီ ကျေးဇူးပါ အစ်ကို "

မောင်ကိုယ်လုံးလေးအား တင်းကြပ်စွာ မလွှတ်တမ်း ဖက်ထားချင်မိပါ၏ ။ သို့ပေမယ့် ချစ်ရသူ မကြိုက်မှာလည်း စိုးရိမ်ရသည်။

မောင် ဘုန်းမြင့်မြတ်အား.ဖတ်ထားရာမှ လွှတ်လိုက်ပြီး ထပ်ပြုံးပြသည်။
ဒီတစ်ခါတော့ ပါးချိုင့်လေးပါ ပေါ်လာလေသည်။ ဒီပါးချိုင့်လေးကို မမြင်ရတာ တော်တော်ကြာပြီပဲ ။

တစ်ယောက်နှင့်တစ်ယောက် အဓိပ္ပါယ်မတူသော မျက်ဝန်းများဖြင့် ကြည့်နေစဥ်မှာပဲ မောင့် ပုခုံးက ကြမ်းကြမ်းတမ်းတမ်း ဆွဲလှည့်ခြင်းကို ခံလိုက်ရသည်။

"ဦးရိပ် !"

.....

ဂျူတီပြီး၍ အိမ်သို့ပြန်ရန် ကားပါကင်ဘက်သို့အလာ မောင်နဲ့ ကောင်လေးတစ်ယောက် စကားပြောနေတာကို ဘေးတိုက် မြင်တွေ့နေရပါ၏ ။
(လောင်းရိပ်က မြို့ထဲမှာ အိမ်လေးတစ်လုံးဝယ်ပြီး နေတာပါ)

အစက စကားပြော​ေနသည်။ နောက်တော့ မောင်က စ၍ ဖက်လိုက်သည်။ ပြုံးပြနေလိုက်တာလည်း ရွှန်းရွှန်းပျပျ ။

လောင်းရိပ် ဒေါသများ အလုံးလိုက်အရင်းလိုက် ထွက်လာမိပါ၏။ သိပ်မကြာခင်မှာပဲ လက်ထပ်ရတော့မည်။ အခုထိ လူမြင်ကွင်းမှာ ဖြစ်ချင်တိုင်း.ဖြစ်နေတုန်းပင်။ မောင် ဖက်လိုက်တဲ့သူကလည်း တခြားသူမဟုတ် ။ မောင့်ကို လိုက်ပြီး ပိုးပန်းနေတဲ့ ဘုန်းမြင့်မြတ် ။
လောင်းရိပ်ရောက်လာကတည်းက မောင်နှင့် ဘုန်းမြင့်မြတ်တို့၏ ဘာလိုလို ညာလိုလို သတင်းတို့ကို ကောလဟာလ ကြားရပါ၏ ။
အစက သံသယဝင်ခဲ့သည်။ အခု ပို၍ ယုံချင်လာသလိုပင် ။
ဘာကြောင့်မှန်း မသိ ။ မောင်နဲ့ ပတ်သတ်ရင် လောင်းရိပ်ရဲ့ စဥ်းစားတွေးခေါ်နိုင်စွမ်းတို့ ကောင်းကောင်းအလုပ်မလုပ်နိုင် ။ အတွေးလွန်သည် ။ သံသယများသည် ။

ယခုလည်း.
မဆိုင်းမတွ မောင့်အနားသို့ သွားပြီး မောင့်ပုခုံးကို ကိုင်ကာ မိမိရှိရာဘက်သို့ ဆွဲလှည့်လိုက်သည်။
တစ်ချက်သာ.ကြည့်ပြီး ဘေးသို့ အသာတွန်းကာ ဘုန်းမြင့်မြတ် မျက်နှာပေါ်သို့ လောင်းရိပ် လက်သီးတစ်ချက် ကျရောက်သွားသည် ။

နားခိုခွင့် /နားခိုခြင့္ {Completed }Where stories live. Discover now