part (19)

13.7K 911 56
                                    

Unicode

ညစာဆိုလို့ ဆိုင်ကြီးကြီးတွေဆီ သွားစားမည်မှတ်နေသော မောင်မှာတော့ ယခု မြင့်မိုရ်အိမ်ရှိ စားပွဲရှည်ကြီး၏ ထိပ်ဆုံးခုံတွင် လောင်းရိပ်ဘေး၌ ငုတ်တုတ်ကလေး ထိုင်နေရသည် ။

ဪ.....ဦးမြင့်မိုရ်တို့အိမ်မှာ စားကြမှာကိုး...ဟူသော အတွေးလေးဖြင့် ထမင်းစားနေ၏။မောင်နှင့် လောင်းရိပ် အားလုံးပေါင်း ၇ယောက်သာ.ရှိလေသည်။
ဆေးပညာအသိုင်းဝိုင်းမို့ စကားအများစုကလည်း ဆေးပညာအကြောင်းတွေချည်းသာမို့ ဘာမှ ဝင်မပြောဖြစ် ။ ဝင်လည်း မပြောတတ်ပါချေ။

လိုက်ဖက်သည်ဟု ချီးမွှမ်းကြသော လူများကို ပြုံးပြလိုက် ထမင်း တို့တိတို့တိ စားလိုက်ဖြင့် နေရ နည်းနည်းကြပ်ပါ၏ ။
တီရှပ် အဝါလေး.ဝတ်ကာ အပေါ်ထပ်အဖြစ် မိုးရောင်ဖြော့ဖြော့ လက်ရှည်နှင့် ဘောင်းဘီ အနက်ဝတ်ထားသော မောင် နှင့် တူအောင် ဝတ်ထားသလား မှတ်ရအောင် လောင်းရိပ်ကလည်း မိုးပြာရောင် ဖျော့ဖျော့ လက်ရှည်အကျီအား လက်တစ်ဝက်လောက် ခေါက်တင်ထားပြီး ပုဆိုးအနက်ကို ဝတ်ထားလေသည် ။

ထိုကဲ့သို့ ဝတ်ထားမိသည်ကိုတော့ သူငယ်ချင်းများ.ဝိုင်းစမှသာ နှစ်ယောက်လုံး သတိထားမိကြလေ၏ ။ ရှက်သော်ငြား ပြုံးသာပြုံးသော လောင်းရိပ်အား ကြည့်ရင်း မောင့်နှုတ်ခမ်းတို့လည်း အလိုလို ပြုံးမိပါလေသည် ။
မောင် ပျော်နေခြင်းပါလေ ။ သို့သော် ပျော်ရတာကိုလည်း ကြောက်နေမိသေးပါ၏ ။

လောင်းရိပ်ကတော့ စကားလည်းပြော စားလည်းစား မောင့်ထဲသို့ ပုစွန်အခွံခွာပြီးသားတွေ ထည့်နေလေသည်ကို မြင်သော မြင့်မိုရ်က

"လောင်းရိပ်ရေ.... မင်း အမျိုးသားလေးရဲ့ ပန်းကန်ထဲကိုလည်း ပြန်ကြည့်ပါဦးကွာ "

မြင့်မိုရ်စကားကြောင့် မောင့်ပန်းကန်ဆီသို့ လောင်းရိပ် အကြည့်တို့ ရွေ့လာပါ၏ ။

"မစားဘူးလား..မကြိုက်တော့လို့လား ၊ ငယ်ငယ်တုန်းက အရမ်းကြိုက်ပါတယ် "

ပန်းကန်ထဲတွင် များစွာကျန်နေသော ပုစွန်ဟင်းတို့ကြောင့် လောင်းရိပ် မေးလိုက်ခြင်းဖြစ်သည်။
မောင် မ​ကြိုက်တာ မဟုတ်ပါ ။ အံ့သြလွန်း၍ စားဖို့မေ့နေခြင်းသာ ဖြစ်လေသည်။
စကားပြောလည်း မပြတ်သလို ကိုယ့်ထမင်းကို မစားဘဲ မောင့်အတွက် ပုစွန်အခွံခွာပေးနေသော လောင်းရိပ်ကို လိုက်ကြည့်ပြီး စားဖို့ မေ့နေခြင်းပါလေ ။

နားခိုခွင့် /နားခိုခြင့္ {Completed }Where stories live. Discover now