part (8)

11.2K 898 76
                                    

Unicode

"ဟင်...ကိုကို"

မေ့စကားကြောင့် မောင့်တစ်ကိုယ်လုံး တောင့်တင်းသွားပါသည်။
မောင်တို့စကားတွေကို ကြားသွားပြီလား ။
ဦးရိပ်က အခြောက်တွေကို အရမ်းမုန်းတာလေ ။

"ဦးရိပ်!"

မောင်လှည့်ကြည့်လိုက်တော့ လောင်းရိပ်မျက်နှာမှာ မှုန်ကုတ်နေပါသည်။ မျက်ဝန်းထဲမှာလည်း မောင့်ကို ထူးဆန်းသော ၊ မယုံနိုင်သော ၊ ရွံ့မုန်းသော အကြည့်များ.။
ဦးရိပ် မောင့်ကို မုန်းသွားပြီလား ၊ မောင့်ကို မချစ်တောင် အဆင်ပြေပေမယ့် မုန်းတာတော့ မခံချင်ပါဘူး ။ ဒါကြောင့် မောင့်စိတ်တွေကို အတတ်နိုင်ဆုံး ထိန်းချုပ်ထားခဲ့ရတာလေ ။ အခုတော့... အခုတော့ ။

"မောင်...မင်း...တကယ်ပဲ "

"ဦးရိပ် မောင်ပြောတာတွေ ကြားသွားပြီလား "

"ကြားတယ် မောင် တကယ်မဟုတ်ဘူးမလား ၊ ကိုယ် နားကြားမှားသွားတာမလား"

မုန်းရင်လည်း မုန်းပါစေတော့ဗျာ.. သိသွားတဲ့ အရာတစ်ခုကိုတော့ မောင် မငြင်းချင် ။ မငြင်းနိုင်တာဆို ပိုမှန်ပါလိမ့်မည်။

"နားကြားမမှားပါဘူး...တကယ်ပါ"

မငြင်းဆန်သော ထိုစကားကြောင့် လောင်းရိပ်ရင်ထဲမှာ ဗြောင်းဆန်သွားပါသည်။ သူငယ်ငယ်လေးကတည်းက ခင်လာရတဲ့ မောင်က သူ့ကို ချစ်နေတာတဲ့လား ။
Gay ဆိုလျှင် အလွန်မုန်းနေသော လောင်းရိပ်အဖို့တော့ မောင်က တုန်လှုပ်မှုကြီး တစ်ခုပင် ။ ဘာတွေးရမှန်းကို မသိနိုင်တော့သည်ထိပင် ။

လောင်းရိပ် မေ့အနားသို့ လျှောက်သွားလိုက်ပြီး မေ့လက်ကလေးကို တွဲလိုက်သည်။

"ကိုယ့် မေ့ကို ချစ်တယ် ၊ ချစ်နေတာကြာပြီ ၊ မေက အရမ်းငယ်နေသေးလို့ ဖွင့်မပြောဖြစ်သေးတာပါ ၊ အရမ်းချစ်တယ် မေ "

အရမ်းချစ်တယ် မေ။
ထိုစကားကို မေ့ကို မကြည့်မိပါဘဲ မောင့်မျက်လုံးအား.စေ့စေ့ကြည့်၍ ပြောလိုက်ပါသည်။
မောင့် မြင်ကွင်းများ မှောင်မိုက်သွားသလို ရင်ထဲ၌လည်း နာကျင်မှုများ တရိပ်ရိပ်တိုးလာသည်။

နားခိုခွင့် /နားခိုခြင့္ {Completed }Where stories live. Discover now