part.(23)

13K 756 16
                                    

Unicode

"ဪ...မောင် နိုးလာပြီပဲ "

မနက်စောစော မကြားစဖူး မိန်းမအသံအား မီးဖိုချောင်ခန်းမှ ကြားလိုက်ရသည့်အတွက် မပွင့်တပွင့် မောင့်မျက်လုံးတို့ ပြူးကျယ်သွားပါ၏ ။
မီးဖိုခန်းရှိရာသို့ အလျှင်အမြန်သွားကြည့်လိုက်တော့ စားပွဲပေါ်တွင် ခေါက်ဆွဲ ၊ ဟင်းရည် ပန်းကန်များ.ပြင်ဆင်နေသည့် ထက်မြက်ချိုကို တွေ့လိုက်ရလေသည် ။
ဒီနေ့လည်း.သူမ မြန်မာဆန်ဆန် ခေတ်မီစွာ လှနေပါသည် ။

"မောင်...အုန်းနို့ခေါက်ဆွဲ ကြိုက်လား "

"မ...မကြိုက်ဘူးဗျ "

"ဟောတော်... အမက မောင်ကြိုက်မယ် မှတ်လို့ အများကြီး ယူလာတာ "

"ဦး..ဦးရိပ်ကကော "

"မြင့်မိုရ်ကို သွားခေါ်တယ် ခေါက်ဆွဲ အတူတူစားကြမလို့လေ "

"ဪ ဟုတ် "

"လာလေ မောင်မစားရင် မောင့်အတွက် တစ်ခုခု စီစဥ်ပေးမယ် "

မောင် ဟင်းချက်နေကြ နေရာအား သူမက အပိုင်စီးထားသလိုမျိုး ခံစားနေရတာကြောင့် မောင်နှုတ်ခမ်းလေး.စူပုပ်ပုပ်ဖြစ်လာလေသည် ။

ဘာကြောင့် သူများအိမ် အစောကြီး ရောက်နေတာလဲ?

ထက်မြက်ချိုက သူမ စိတ်တိုင်းကျ ဟင်းအမယ်တွေကို ချက်ဖို့ပြင်နေတာကိုး ။ သူ့အိမ်သူ့ယာပုံစံမျိုးဆိုတော့ မောင်၏ သဝန်တိုတတ်သည့် စိတ်ကလေး ပေါ်လာပါတော့သည် ။

မတ်တတ်ရပ်နေသည့် နေရာမှ မရွေ့ဘဲ ထက်မြက်ချိုကိုသာ ကြည့်နေသော မောင်အား အိမ်ထဲသို့ ဝင်လာသော လောင်းရိပ်က အနောက်မှ သိုင်းဖက်လိုက်လေသည် ။
ရုတ်တရတ်ဆန်သော အပြုအမူကြောင့် မောင် အနောက်ကို လှည့်ကြည့်ရာတွင် လောင်းရိပ်က မောင့်မျက်နှာနားသို့ ငုံ့ထားသောကြောင့် လောင်းရိပ်၏ နှုတ်ခမ်းနှင့် မောင်၏ ပါးပြင်တို့ တွေ့ဆုံမိလေ၏ ။

ရင်ခုန်ရပြန်ပါပြီ ။ လောင်းရိပ်အနားမှာနေလျှင် မောင့်ရင်ခုန်သံတို့ကား ပုံမှန်သို့ ဘယ်တော့မှ မရောက်နိုင်ဟု ထင်မိသည်အထိပါပင် ။

"နှုတ်ခမ်းလေးက ချို့ကို ထိုးမိတော့မယ်နော် စူပုပ်လေး "

နားခိုခွင့် /နားခိုခြင့္ {Completed }Where stories live. Discover now