part (10)

12K 900 21
                                    

Unicode

"လောင်းရိပ် တကယ်ပဲလား"

အစမရှိ အဆုံးမရှိ လာမေးနေသော မြင့်မိုရ်ကို ဂြိုဟ်ကြည့်ကြည့်လိုက်ပါသည်။
အလိုလိုမှ တစ်နေကုန် OT ထဲက မထွက်ရလို့ လူက ပင်ပန်းနေတာကို ။

(A/N : OT ဆိုတာ ခွဲစိတ်ခန်းကို ပြောတာပါ ၊ ionတို့ ဆေးရုံထဲမှာတော့ အဲ့လိုပဲ ခေါ်ကြပါတယ် )

"ဘာကို မေးနေတာလဲ "

"မောင်လေ....မောင်...ဟိုတစ်နေ့က မင်းနဲ့မောင် ပြောနေတာကို အမှတ်မထင်ဘဲ ကြားလိုက်မိတယ် ၊ ငါလည်း.မအားတာနဲ့ မမေးဖြစ်တာ "

"မင်း.သိထားတဲ့ အတိုင်းပဲ "

"မောင် သနားပါတယ် ၊ မင်း တော်တော်ရက်စက်တာပဲ "

"ငါနဲ့ မဆိုင်ဘူးလေ ၊ သနားရင် မင်းကြိုက်လိုက်ပါ့မလား "

"ကြိုက်လိုက်ရမလား "

မြင့်မိုရ်၏ တွေဝေခြင်းမရှိသော စကားကြောင့် လောင်းရိပ် ဘုကြည့် ထပ်ကြည့်လိုက်ပြန်ပါသည်။ မြင့်မိုရ် အဖြေကို အလိုမကျ ။

"စတာပါကွာ စတာ၊ စတာ ငါက ချာတိတ်တွေကို မကြိုက်ဘူး "

"ဂျူတီလာလဲတာမလား ၊ ငါပြန်ပြီ "

"မင်း မောင့်ကို မချစ်ဘူးလား "

ထိုင်ခုံပေါ်မှထကာ တံခါးဆီသို့ သွားနေသော လောင်းရိပ်​ခြေလှမ်းတို့ မြင့်မိုရ်အမေးကြောင့် ရပ်တန့်သွားသည်။

"ငါ့ကို ဘာတွေ လာမေးနေတာလဲ  "

"ဒါဆို မောင့်ကို မုန်းလား "

"မသိဘူး.၊ ငါ gay တွေကို မုန်းတာပဲသိတယ် "

"မင်းဟာလေ တကယ့် တစ်ယူသန်ကြီး"

"ငါ...လောင်းရိပ်ရင်ခွင်က မေဆိုတဲ့ ကောင်မလေးကိုပဲ ချစ်တယ် ၊ အဲ့တာပဲသိထား ၊ ဘာတွေ လာပြောနေမှန်းမသိဘူး ၊ ငါသွားပြီ "

"..."

တံခါးဘက် ထွက်ခါနီး မြင့်မိုရ်ဘက်သို့ လှည့်၍ ဝမ်းသားအားရပြောလိုက်ပါသည်။

"ဪ ဒါနဲ့ ၊ ဂျူတီဝင်ဝင်ချင်း မင်း.ကံကောင်းပါတယ် သူငယ်ချင်း ၊ ခဏနေ PC နှစ်ခု လာလိမ့်မယ် "

နားခိုခွင့် /နားခိုခြင့္ {Completed }Where stories live. Discover now