part (32)

13.4K 742 18
                                    

Unicode

"ကွာရှင်းချင်တယ် ဟုတ်လား....ကိုယ်က မောင့်ကို ဘာကိစ္စ ကွာရှင်းပေးရမှာလဲ "

လောင်းရိပ်၏ စကားသံက နူးညံ့မနေနိုင်တော့ဘဲ အံ့သြတုန်လှုပ်နေသည် ။
တစ်ပတ်အတွင်း သံသယဖြစ်စရာကောင်းလောက်အောင် အကောင်းပကတိလို နေကာ ပုံမှန် ဖြစ်လွန်းနေသော မောင်က ရုတ်တရတ် ကွာရှင်းမယ်လို့ ပြောနေသဖြင့် မယုံနိုင်သေးပါလေ ။

"မောင်တို့... ဒီတိုင်းဆက်သွားရင် ဦးရိပ် အများကြီး ဆုံးရှုံးရမှာလေ မောင်နဲ့ ဦးရိပ်သာ လမ်းခွဲပြီး ဘဘဆရာဝန်ကြီး ပြောတဲ့အတိုင်း ဦးရိပ် လက်ခံလိုက်ရင် ဦးရိပ်ရဲ့ ဘဝ ၊ ဦးရိပ်ရဲ့ အနာဂတ်... အရာရာ ဖြောင့်ဖြူးနေပြီ မဟုတ်လား"

"ကိုယ်မလိုဘူး မောင် ၊ ဖေဖေ ပြောခဲ့တဲ့အရာတွေကို မလိုအပ်ဘူး ၊ ကိုယ်​က မောင့်ကိုပဲ လိုအပ်တာ ၊ မောင့်ကိုပဲ ပိုင်ဆိုင်ချင်တာပါ "

မျက်ရည်တို့ ဝေ့ဝဲလျက် တုန်ယင်လာသော အသံတို့ကို ထိန်းကာ ပြောနေမိပါ၏ ။

မောင်ကတော့ အရင်လို အေးတိအေးစက်ပုံလေးအဖြစ်သာ ဟန်ဆောင်နေသေးသည် ။
မျက်ဝန်းတွေက ညာလို့ မရဘူးဆိုတာ မောင် မသိလေရော့လား ။ မောင် ငိုနေတယ် ။ မောင့်ရင်ထဲမှာ ငိုနေတယ်ဆိုတာ လောင်းရိပ် အသေအချာ သိတာပေါ့ ။

"မောင်နဲ့သာဆိုရင် ဦးရိပ် ရေရှည်မှာ စိတ်ချမ်းသာနိုင်မယ်လို့ ထင်လား "

"ချစ်ရသူနဲ့ အတူနေရတဲ့ ပျော်ရွှင်ခြင်းကို မောင်လည်း သိပါတယ် .... ၊ မောင့် မေးခွန်းကို ကိုယ်ဖြေဖို့ လိုသေးလို့လား "

"မဖြစ်ဘူး.. မောင် ရှိနေရင်... "

မောင်၏ တုန်ယင်စပြုနေသော နှုတ်ခမ်းလေးပေါ်သို့ လောင်းရိပ်၏ နှုတ်ခမ်းတို့ဖြင့် ဖိကပ်ကာ နမ်းလိုက်သည်။
ဆက်၍ မကြားချင်ပါ ။ မောင် သူ့ကို အဝေးကို တွန်းထုတ်သည့်စကား မကြားချင်တော့ပါ ။ သူတို့နှစ်ယောက်စလုံး ဆုံတွေ့ခွင့် မရှိခဲ့တဲ့ ၊ နာကျင်အောင် လုပ်မိခဲ့တဲ့ အတိတ်တွေပဲ များနေခဲ့တာလေ ။
အနာဂတ်မှာတော့ မနာကျင်ချင်တော့ပါ ။

နမ်းရှိုက်နေသည်ကို ခဏတာ ရပ်လိုက်ရင်း မောင်၏ နဖူးပြင်လေးကို သူ၏ နဖူးဖြင့် ထိစပ်ထားသည် ။

နားခိုခွင့် /နားခိုခြင့္ {Completed }Where stories live. Discover now