part (7)

10.9K 888 0
                                    

Unicode

"လောင်းရိပ်...လောင်းရိပ်...အယ်.. ဆရာကြီး ဟီးဟီး"

မနက်စာ သွားစားရန် ချိန်းထားတာ ခုထိ မလာသေးသဖြင့် သူ့အိမ်ဆီသို့ လိုက်သွားကာ မြင့်မိုရ် အော်ခေါ်မိလေသည်။ ထွက်လာတာက သူ့အဖေ ဆေးရုံအုပ်ကြီး ။

"ဪ မောင်မြင့်မိုရ်ပါလား "

"ဟုတ်ကဲ့ခင်ဗျ လောင်းရိပ်ဆီလာတာပါခင်ဗျ "

"ရှိတယ် ရှိတယ် night duty မို့ မနက်ပြန်လာကတည်းက ခဏမှေးနေတာထင်တယ် ၊ ညက လူနာတွေ တော်တော်လာတယ်တဲ့ ၊ သူ့အိပ်ခန်းထဲမှာပဲ ၊ ဝင်သွားလို့ရတယ် မောင်မြင့်မိုရ် "

"ဟုတ်ကဲ့ဗျ "

လက်ထောက်ဆရာဝန် လိုင်းခန်းမှာ မြင့်မိုရ်နှင့် အတူတူနေလို့ရသော်လည်း မောင်တို့အိမ်နှင့် နီးရာ ဆရာဝန်ကြီးအိမ် တနည်းအားဖြင့် လောင်းရိပ် အဖေအိမ်၌သာ နေလေသော လောင်းရိပ်အား သွားသွားခေါ်ရတာ မလွယ်ပါပေ ။

အိမ်ခန်းထဲမှာတော့ ခြေပစ်လက်ပစ် အိပ်ပျော်နေသော လောင်းရိပ် ။

"ဆရာ လောင်းရိပ်ရင်ခွင်... လူနာလာလို့တဲ့ "

"ဟုတ်ကဲ့ ကျွန်တော်လာပါပြီ "

အိပ်ချင်မူးတူးနှင့် ငုတ်တုတ်ကြီးထထိုင်ကာ ကမူးရှူးတိုး ဖြေနေသော လောင်းရိပ်ကို ကြည့်ပြီး မြင့်မိုရ် ရယ်ပါတော့သည် ။

"ဪ...မင်းကိုး....စ စရာတော်တော်ရှားနေလား "

မြင့်မိုရ်ရယ်သံကြားမှ အခုသူရောက်နေတာ အိမ်မှန်း သတိရလေသည်။

"မင်းအကျင့်က ပျောက်ကိုမပျောက်နိုင်သေးတာကိုးကွ "

"အဲ့တာ active ဖြစ်နေတယ်လို့ ခေါ်တယ် ၊ မင်းလို ဆင်အော်တောင် မနိုးတဲ့သူထပ် စာရင် ငါကတော်ပါသေးတယ်ကွာ "

"မင်းက ရန်စတာလား... ပြော "

"မစပါဘူး ၊ အရှိကို အရှိတိုင်းသာပြောတာ ၊ အခု ဘာကိစ္စနဲ့ ငါ့ဆီကို လာတာလဲ "

"မင်းပဲ မနက်စာသွားစားဖို့ လာခေါ်ဆို ၊ အိမ်က ကြီးကြီးချက်ကျွေးတာကြီး အီနေလို့ပါဆို"

"တိုးတိုးပြောကွ ကြီးကြီးကြားရင် စိတ်ဆိုးလိမ့်ဦးမယ် ၊ မင်းဟာလေ ၊ ငါခိုးရင် မင်းအသံနဲ့မိမှာ "

နားခိုခွင့် /နားခိုခြင့္ {Completed }Where stories live. Discover now