part (9)

11.2K 901 41
                                    

Unicode

"ဖယ်စမ်းကွာ...ဖယ်ကြစမ်း...ငါဘယ်သူလဲ သိလား..၊ ငါ့အဖေ ဘယ်သူလဲဆိုတာကော သိလား ဟမ်"

"သိတယ်လေ ဦးမိုးမြင့်ဦးတဲ့ ၊ အစ်ကို... ဘာကိစ္စ ထပ်လာရတာလဲဗျာ "

ဆေးရုံရှိ လူနာများစွာ ရှိသော ခန်းမအလယ်မှာ ဘယ်သူမှ ထိန်းမနိုင်သိမ်းမနိုင် ခေါင်း၌ ပတ်တီးဖြူအဖွေးသားနဲ့ အော်နေသော ကောင်လေးအား ဆေးစတိုခန်းထဲမှ ထွက်လာသော မောင်က ပြန်အော်ပြောလိုက်ပါသည်။

"မောင်... တွေ့မှ တွေ့ပါ့မလားလို့ကွာ "

ရမ်းကားအော်ဟစ်နေသော ထိုလူငယ်မှာ
ခုနကလူ မဟုတ်သည့်အလား စကားပြောသံတို့ ချိုမြိန်လှပါ၏။

"အခုတွေ့ပြီမလား...အသံလေးကို လျှော့ပေး ၊ ဘေးမှာ နေမကောင်းနေတဲ့ လူနာတွေရှိိတယ် "

အပြင်ဘက်ထွက်ရန် တံခါးဆီသို့ မောင် ဦးတည်လိုက်တော့

"ဘယ်သွားဖို့လဲ မောင် "

" အစ်ကိုနဲ့ ဝေးရာကို "

ပြောပြီးပြီးချင်း မောင် ထွက်သွားပေမယ့် ကျန်ခဲ့သော ထိုလူငယ်ကတော့ ဘာဖြစ်ဖြစ်.သဘောကျသည့် အပြုံးလေးနှင့်သာ ကျန်ခဲ့ပါသည်။
အေးတိအေးစက်ပြောတတ်တဲ့ မောင်ပါလေ။ ထိုကြောင့်လည်း.ချစ်ရခြင်းဖြစ်လိမ့်မည်။
ထို့နောက် မိမိရှိရာ ကုတင်သို့သာ ငြိမ်ငြိမ်လေးပြန်ထိုင်လိုက်ပြီး သူနာပြုမလေး ဆေးထိုးတာကို ငြိမ်ငြိမ်လေး နေနေလိုက်ပါသည်။
....

"သူက ဘယ်သူလဲ "

ဘေးနားမှာ ရပ်ကြည့်နေသော သူနာပြုမလေးအား.မေးလိုက်သည်။

အော်ဟစ်နေသံများ ကြား၍ ဂျူတီကျနေသော ရုံးခန်းထဲမှ လောင်းရိပ် ထွက်လာကြည့်လိုက်သည်။ (သောင်းကျန်းပြီး ရမ်းကားနေလျှင် ဝင်ထိန်းပေးရန်) သို့သော် ရုပ်ကလေးနှင့် ပြောဆိုနေတာမှ မလိုက်သည့် လူငယ်အား တွေ့ရလေသည်။
အသားအ​ရေက ညိုသည့်ဘက် ရောက်ပြီး လောင်းရိပ်လို ထောင်ထောင်မောင်းမောင်း.အရပ်ရှည်ကြီး ရှိကာ ပိရိသေသပ်သော နှုတ်ခမ်း.၊ စူးရှသော မျက်ဝန်းများ.ပိုင်ဆိုင်ထားသည့် လူဆိုးကလေးပုံစံ ဖမ်းထားသော လူငယ်လေးတစ်ယောက်နှင့် မောင်တို့ စကားပြောနေသည်ကို မြင်နေရပါ၏။
ထိုလူငယ်လေးမှာလည်း မောင်နဲ့ တွေ့တွေ့ချင်း မီးခဲ ရေနဲ့ငြှိမ်းလိုက်သလို ငြိမ်ကျသွားလိုက်တာများ...

နားခိုခွင့် /နားခိုခြင့္ {Completed }Where stories live. Discover now