part (4)

11.2K 855 40
                                    

Unicode

နွေကျောင်းပိတ်တော့ လောင်းရိပ်တကယ်ပြန်လာပါသည်။ ထိုနေ့က မနက်စောစော မောင်တို့အိမ်ရှေ့၌ရပ်ကာ မောင်တို့ကို တကြော်ကြော် အော်ခေါ်နေ၏။

"ကိုကို.... ကိုကိုပြန်လာပြီ "

မေက အရင်ဆုံးထွက်လာပြီး လောင်းရိပ်ဆီသို့ ထော့နဲ့နဲ့ ခြေထောက်လေးဖြင့် ပြေးလာလေသည်။ အရှိန်ပါသည်မို့ လောင်းရိပ်နားမရောက်ခင် လဲကျတော့မည့် အခိုက် ဖမ်းဆွဲထားလိုက်ရပါ၏။
မောင်ထွက်လာတော့ သူတို့နှစ်ယောက်မှာ ဖက်ထားသည့်ပုံစံဖြစ်နေသည်။

ဦးရိပ်က မေ့ကို တော်တော်ချစ်တာပဲ ၊ မောင့်စိတ်ထဲမှာ ထိုအရာက စွဲနေပြီလေ။ နည်းနည်းဖြစ်​ဖြစ်နေသာထိုင်သာ ရှိတော့မယ်ထင်နေတာ ၊ မရသေးဘူးပဲ..။

"မောင်..."

လောင်းရိပ်က မောင့်ကို လက်ပြနှုတ်ဆက်လိုက်တော့ မောင် သူတို့နားသို့ လျှောက်သွားလိုက်ပါသည်။ မေက မတ်တတ်တည့်တည့်ရပ်လိုက်ပြီး မောင့်ဘက်ကို လှည့်ပြုံးပြလေသည်။ပြီးမှ

"ကိုကို့ကို မေတို့က လွမ်းနေတာ "

"ကိုကိုလည်း.မေတို့ကို လွမ်းပါ့ဗျာ၊ မေကတော့ ဟုတ်ပါပြီ မောင်ကကော ကိုယ့်ကို မလွမ်းဘူးလား "

"လွမ်းပါတယ် ၊ ဦးရိပ်ပဲ မောင့်အတွက် လက်ဆောင် ဝယ်လာခဲ့မယ်ဆို "

"လက်ဆောင်ကို မျှော်နေတယ်ပေါ့ "

မောင့်ဆံပင်လေးကို ဖွလိုက်ပြီး ပြောလိုက်တော့ မောင်က ပြုံးပြသည်။ တောက်တောက်ပပလေး မရှိတော့ပေ ။ ကြားရက်တွေထဲမှာ မောင့်အပြုံးတွေ ဘာလို့ မှိန်မှိန်သွားရတာလဲ ။

"လက်ဆောင်ရော လူရောပါဗျ"

"လက်ဆောင်ကပါပါတယ် ၊ မေ့အတွက်က ကြီးကြီးဆီမှာ သွားယူချည်..မောင့်အတွက်က.."

လောင်းရိပ်စကားတောင် မဆုံးသေး မေကတော့ "ဟုတ် "တစ်လုံးသာ ပြောပြီး လောင်းရိပ်အိမ်ဆီသို့ ပြေးလေသည်။

"မောင့်အတွက်က ဘယ်မှာလဲ "

"ဒီမှာ "

လက်ရှည် အကျီအိတ်ကပ်ထဲ၌ ပါလာသော ချောကလတ်အတောင့်လေးအား ထုတ်ပေးတော့ မောင်မျက်နှာမှာ မမှေးမှိန်သော အပြုံးလေး ဖြတ်ပြေးသွားသည်။

နားခိုခွင့် /နားခိုခြင့္ {Completed }Where stories live. Discover now