Chapter-2

22.1K 2.1K 47
                                    

Unicode

ရုန်းထွက်မရခြင်းများ ၂

ခရီးပန်းပန်းနှင့် အိပ်ပျော်သွားတာ နောက်တစ်ရက်နေ့တစ်ဝက်ကျိုးမှပဲ သျှမ်းအိပ်ရာနိုးတော့သည်။ မနေ့ကပဲ ရွာတစ်ရွာက
ထန်းရွက်မိုးတဲထဲမှာအိပ်ရာနိုးလာပြီး ဒီနေ့တော့ အဲယားကွန်းခန်းထဲမှာအိပ်ရာထရတာမို့ နိုးနိုးချင်း ကြောင်တောင်တောင်။အိမ်နှင့်ဝေးနေတာ ကြာခဲ့ပြီမို့ စိတ်နဲ့ကိုယ်လွတ်ကာ မျက်နှာကျက်ကိုငေးရင်းငေါင်နေရသည်။

ဆယ်ငါးမိနစ်လောက်နေမှ အသိဝင်ပြီး
အိပ်ရာကထရသည်။ တစွန်းတစ
ကိုယ်ပေါ်ရောက်နေတဲ့ စောင်ကိုခေါက်ပြီး
အဲယားကွန်းကို အရင်ပိတ်လိုက်သည်။
ချစ်နိုင်းအောင်က အပူချိန်ညှိပေးသွားပုံပင်။
အခန်းတွင်းဟာ မပူလွန်းမအေးလွန်းဖြစ်နေသည်။ သျှမ်းက ကုတင်ခေါင်းရင်းထိတိုးထိုင်ရင်း ခဲပုတ်ရောင်လိုက်ကာကြီးကိုဆွဲခွာတော့ နှစ်ဖက်ဖွင့်တံခါးနီးပါးလောက်ကျယ်သည့်မှန်ချပ်ကြီးက ဘွားခနဲပေါ်လာသည်။

မှန်၏တစ်ဖက်တွင် အင်တုံကြီးများရှိနေပြီး
စိမ်းစိုနေသောကြာရွက်ကြီးများက အပြည့်
နေရာယူလို့ထားသည်။ ဖူးပွင့်နေသည့် ကြာပွင့်ကြာငုံများကို ကြည့်ရင်း မျက်စိအေးလာရ၏။ခရမ်းရောင်၊ ပန်းရောင်၊ အဖြူရောင်နှင့် ညို့နေသောကြာပွင့်ကြီးတွေက သူ့ရှေ့အိမ်မှာ ကျက်သရေရှိလို့နေပြီး စိမ်းဖန့်နေသောကြာခွက်များကလည်း အစေ့အဆံတင်းကားလို့နေသည်။အဖြူရောင်နှင့် ရွှေရောင်စပ်ထားသည့်ငါးကလေးများဟာ ကြာရွက်တွေအောက်မှ ခေါင်းလေးတွေစီခနဲပေါ်လာတတ်ကြ‌၏။

အိမ်အပြင်မှာ အပူချိန် နည်းပုံမရ။လင်းထိန်ပြီး အတော်ပူနေခဲ့ပြီ။ခပ်လှမ်းလှမ်းက သပြေခြံဆီလှမ်းကြည့်လိုက်မိတော့ သပြေညွန့်နုတွေမရှိတော့။ပန်းဒိုင်တွေ စောစောညှပ်သွားပုံရသည်။ အိမ်ရှင်က အိမ်သိပ်မမြဲတာကြောင့် ခြံထဲကကိစ္စတွေသိပ်မသိ။ ဖွားဖွားရဲ့ လက်လုပ်လက်ရင်းဖြစ်တာကြောင့်သာ သျှမ်းထိန်းသိမ်းထားခဲ့တာဖြစ်သည်။

သျှမ်းက ဂွတီးဂွကျနိုင်လွန်းသည်ဟု အိမ်ကအမြဲပြောသည်။ လုပ်ချင်ရာလုပ်ပြီး လူကြီးတွေနှင့် အကြောသိပ်မတည့်တာကြောင့်အရောနှောသိပ်လည်းမရှိလှ။ အထူးသဖြင့် ဟိတ်ကြီးဟန်ကြီးတဲ့အပေါ်ယံတွေကို သျှမ်းက နည်းနည်းမှကြည့်မရပါချေ။ ဒါကြောင့်လဲ မလိုအပ်ပဲချိုသာမနေရသည့် နေရာတွေမှာသာနေချင်ခဲ့သည်။ နေဖြစ်အောင်လဲ သျှမ်းကြိုးစားခဲ့သည်။

နေခြည်ထွေး၍ နွေးပါစေ(COMPLETED)Where stories live. Discover now