Chapter-45

17.3K 1.5K 83
                                    

Unicode

နှလုံးသားအား တစ်ဖန်ပိုင်ဆိုင်ခြင်း

"အ...အ ဟား..နာလိုက်တာ"

"ရှူး..ဘာလို့ အဲ့လိုကြီးထအော်နေတာလဲ"

ရယ်ကျဲကျဲ လုပ်နေသည့်တရားခံ။ မျက်နှာပူစွာ တံခါးကိုလှမ်းကြည့်လိုက်ပြီး ပြန်လှည့်လာတော့ သူမဟုတ်သလို ရိုးသားဟန် ဆောင်ပြနေသည်။ စိတ်ဆိုးမည့်ချစ်နိုင်းပင် အရှိန်ပျက်သွားရ၏။ ထို့ကြောင့် မျက်စောင်းတစ်ချက်ထိုးကာ ကိုင်ထားလက်စခြေကျင်းဝတ်ကို အသာလေး ဆက်နှိပ်ပေးနေလိုက်သည်။ မျက်နှာရူးနေသည့် လူကိုလည်း ခြိမ်းခြောက်လိုက်ရ၏။

"အဲ့လို အသံနဲ့လျှောက်အော်ရင် ဂျူတီချိန်လစ်ပြီး လာမတွေ့တော့ဘူး။ အရှက်မဲ့လိုက်တာ တကယ်ပဲ"

လက်မောင်းကို အင့်ခနဲလာထိသည့် လက်ညှိုးတစ်ချောင်း။ မသိချင်ယောင်ဆောင်တော့ ဂျူတီကုတ်လက်မောင်းစကို အသာဆွဲကာ သူ့ကို အာရုံစိုက်အောင်ကြိုးစားပြန်သည်။ ကိုကိုက‌ တော်တော်ဆိုး၏။ အလုပ်ချိန်မှာ သူ့ဆီမလာလာအောင် ဖုန်းဆက်ခေါ်သည့်အပြင် လာပြန်တော့လည်း လူကို တို့တိတို့တိဖြင့် စနေတော့တာပင်။

"ကိုကိုရာ ဘာဖြစ်နေတာလဲဗျာ"

အဆုံးမှာတော့ ချစ်နိုင်း မသိချင်ယောင်ဆောင်မနေနိုင်တော့ပေ။ ခါးကိုမတ်လိုက်ရင်း စိတ်ကျေနပ်အောင်မျက်နှာချင်းဆိုင်လိုက်ရသည်။ ဆေးရုံ အဲယားကွန်းခန်းထဲနေတာ သုံးလေးရက်လောက်ကြာပြီမို့ ကိုကိုက အသားတွေတောင် ဝင်းလာပြီ။ ခပ်ပွပွဖြစ်နေသည့် ဆံပင်တွေဟာလည်း အသည်းယားစဖွယ်။ ချစ်နိုင်းလက်တွေနှင့် ‌သေချာသပ်ပေးတော့ မျက်လုံးတွေကိုမှိတ်ချကာ ပြုံးပြုံးကြီးလုပ်လာသည့် ကိုကို။

"ကြောင်ကြီးကျနေတာပဲ"

ချစ်နိုင်း လက်တွေကိုဆွဲယူကာ သူ့ပါးပြင်မှာကပ်၏။ နှုတ်ခမ်းမွေး မုတ်ဆိတ်မွေး ရေးရေးတွေကြောင့် အနည်းငယ်ကြမ်းရှရှဖြစ်လို့နေသည်။ သို့သော် မြတ်နိုးစိတ်နှင့်ခံစားမိသည့်အခါ အထိအတွေ့တိုင်းဟာ နူးညံ့စွာ။

"ချစ်နိုင်းလေး လက်သည်းမဆိုးတာ ကြာနေပြီပဲ"

ကိုကိုက ချစ်နိုင်းလက်သည်းခွံတွေကို ခပ်ဖွဖွပွတ်ရင်း ပြောသည်။ ဟုတ်လည်း ဟုတ်၏။ ချစ်နိုင်းလက်သည်း မဆိုးတာ မြန်မာပြည်ပြန်ရောက်ကတည်းကပင်။ ဟိုမှာနေတုန်းက ဆိုးသေးသည့်တိုင် ဒီမှာဆေးရုံတွေဝင်ရတော့ မြင်ရအဆင်မပြေသည်မို့ မဆိုးမိတော့တာဖြစ်သည်။

နေခြည်ထွေး၍ နွေးပါစေ(COMPLETED)Where stories live. Discover now