Chapter-15

13.7K 1.5K 50
                                    

Unicode

ချစ်နိုင်းကို သဘောကျတယ် ၁

တဖြေးဖြေးချင်း လှိမ့်ဆင်းနေသောကားကြောင့် ကားပေါ်ကလူတွေမှာ အသက်ပင်ရဲရဲမရှူရဲ။အေးလွန်းသည့်ဒီဇင်ဘာမှာတောင် ချွေးစေးလေးတွေထွက်ချင်နေကြတဲ့သူတို့။ လမ်းဘေးမှ ကျောက်သားတောင်နံရံဟာ နီးသထက်နီးလာသလို၊ကားလမ်းကလည်းကျဉ်းသထက်ကျဉ်းလို့လာသည်။

စောစောကပဲ အမြင့်ပင်၁၀၀၀၀လောက်မှာရှိခဲ့ပြီး ခုအဆင်းလမ်းမှာမောင်းနေရပြီမို့
‌အသက်ရှူရတာ ကသိကအောက်ဖြစ်ရသလို၊နားကလည်းအတော်အူနေပြီ။မိုးလင်းခါနီးမှ
ရုတ်တရက်ဆီးနှင်းမိုးရွာတော့ လမ်းကြောကိုအတော်ဂရုစိုက်နေရ၏။ ကိုဒီးရမ်ပြောသလိုဆို ရီဒမ်းအထိတော့ကိစ္စမရှိပေမဲ့ ခေါင်လန်ဖူးသွားတဲ့လမ်းတွေက ခုမှတစ်ကြောင်းထိုးပဲရှိသေးတာမို့ မြေပြိုတာတွေစိတ်ပူရနိုင်သည်။

မနေ့ညက သူတို့အ‌ဖွဲ့စောစောအိပ်ခဲ့ကြတာမို့
ညဘက်ကြယ်တွေတောင် အကြာကြီးမကြည့်ခဲ့ရ။ ရာသီဥတုကလည်း မနေ့ညကတည်းက လေတိုက်နှုန်းတွေပြောင်းလဲနေခဲ့သည်။ ခေါက်ဆွဲပြုတ်စားသောက်ပြီး
သုံးယောက်တစ်တဲအိပ်ကြပေမဲ့ သျှမ်းနဲ့ချစ်နိုင်းအောင်က နှစ်ယောက်တစ်တဲအိပ်ရပြီး ဆေးဘူးတွေနှင့် စားပွဲခုံသိမ်းတာ တာဝန်လိုက်ရ၏။

မီးပုံကို တစ်ညလုံးမီးမပြတ်အောင်ထိုးပေးနေတဲ့ ကိုဒီးရမ်တို့ကတော့ တော်တော်နှင့်မအိပ်ကြ။ မနက်ပိုင်းဆီးနှင်းမိုးစရွာတော့ ရွက်ဖျင်တဲသိမ်းပြီး လာနှိုးကြတာလဲ သူတို့ပဲဖြစ်သည်။အထုပ်တွေကိုကားနောက်မှာ မိုးကာအုပ်လို့ လင်းတဲ့အထိကားထဲမှာပဲ စောင့်ကြရသည်။

‌စောင့်ရင်း သူများတွေတစ်မှေးမှေးကြပေမဲ့
ချစ်နိုင်းအောင်တစ်ယောက်က လုံးဝမအိပ်။
သျှမ်းခေါင်းကို သူ့ပေါင်ပေါ်အုံးခိုင်းကာ
ကားပြတင်းပေါက်မှတဆင့် မိုးရွာတာကိုထိုင်ငေးနေခဲ့သည်။ သူက ညတုန်းက ကောင်းကောင်းအိပ်ပျော်သည်ကိုး။ သျှမ်းမှာသာ စောင်လွတ်နေမလားထထကြည့်ပြီး
တော်တော်နှင့်အိပ်မပျော်။ ရာသီဥတုက ညဉ့်နက်လေအေးလေမို့ သူ့အိပ်မရတိုင်း
ချစ်နိုင်းအောင်ကို စောင်ထဆွဲခြုံပေးနေခဲ့သည်။

နေခြည်ထွေး၍ နွေးပါစေ(COMPLETED)Where stories live. Discover now