Final Chapter

27.9K 1.6K 86
                                    

Unicode

နေခြည်ထွေး၍ နွေးပါစေ

"အွန်း... လေက လန်းဆန်းသွားတာပဲ"
မျက်နှာပေါ်  ဖြတ်တိုက်သွားသည့် မြူနှင်းမှုန် ရောယှက်သော လေပြေကို ခံစားရင်း ချစ်နိုင်းပြောလိုက်သည်။  ရင်ဘတ်အပြည့် အသက်ရှူလိုက်ပြီး မျက်စိပြန်ဖွင့်တော့ မှောင်ရိပ်မကင်းသေးသော ပတ်ဝန်းကျင်က သူ့ကိုကြိုသည်။မီးတိုင်မှ အလင်းများက ထူထပ်သော မြူထုကို ဖောက်ထွင်းလင်းထိန်နေပြီး သူ့အုပ်စုနဲ့သူ ပွက်လောရိုက်‌နေသော လူစုကတွေကလည်း အနားမှာ အများပြား။

"ကိုကို တို့လေဆိပ်ထဲသွားရအောင် ကိုဒီးရမ်ရောက်နေလောက်ပြီ။ လေယာဉ်ချိန်က နောက်ကျနေတာ"

ပုခုံးကနေ အသာဆွဲဖက်သည့်ကိုကိုက ကျယ်ပြန့်လှသည့် လေယာဉ်ကွင်းကို ဖြတ်ရင်း မြူတွေကြား ငုတ်တုပ်လေးဖြစ်နေသော လေဆိပ်ဆီလျှောက်စေ၏။ ကိုကို့ဆီမှ သင်းပျံ့သော ရနံ့က နှင်းမှုန်တွေနှင့်အတူ ချစ်နိုင်းကို သိုင်းခြုံလို့ထားသည်။ခပ်သွက်သွက်‌ ခြေလှမ်းတို့ကြောင့် သွေးပူကာနွေးထွေးလာပေမဲ့ ချစ်နိုင်းကတော့ ကိုကို့အရိပ်ကြောင့် ပိုနွေးသည်ဟု ထင်ပါသည်။

ထိုအတွေးကြောင့် တစ်ချက်မော့ကြည့်ကာ ပြုံးလိုက်မိ၏။လင်းရိပ်မသန်းခင် အချိန်ကာလက ကိုကို့ခံ့ညားမှုတွေကို ထင်းလင်းမနေစေနိုင်။သို့သော် နူးညံ့မှုတွေ ကိုကို့မျက်နှာထက်မှာ ရှိနေတာ ချစ်နိုင်းသိသည်။ ခံစားမိသည်။ခြေလှမ်းမှားသယောင်နှင့် ပုခုံးကနေ ခပ်ဖွဖွဖက်ထားသူ၏ ရင်ခွင်ဆီတိုးဝင်လိုက်၏။ နောက် ကုတ်အင်္ကျီအထူကြီးရဲ့ ကျောဘက်ကနေ လက်လျှိုကာ ကိုကို့ခါးကို ခပ်တင်းတင်းဖက်ပစ်လိုက်သည်။ လူနှစ်ကိုယ် ပိုကပ်သွားတော့ အအေးဓာတ်ဟာ မျက်စိလည်လမ်းမှား၍ပင် မရောက်နိုင်ရှာ။

"‌အရမ်း အေးနေလို့လား။ ရှေ့နားဆို ရောက်ပါပြီ"

သိပ်မလိုတော့သည့် လေဆိပ်အဆောက်ဦးကို ရည်ညွှန်းရင်း ပြောလာသည့်ကိုကို။ ချစ်နိုင်း ခေါင်းကိုယမ်းရင်း ခြေလှမ်းတို့ကို ပိုသွက်လိုက်သည်။ ကျောပိုးအိတ်တစ်ဖက် ချစ်နိုင်းကို ဖက်ထားတာတစ်ဖက်နှင့် ခြေထောက်တွေပါ မြန်လိုက်ရသည့် ကိုကို့ခင်မျာ အမောတကော။သို့တိုင်အောင် ကိုကိုဟာ ဖြေးဖြေးသွားပါဟု တစ်ခွန်းမှပင်ပြောမလာပါ။ ချစ်နိုင်းခြေလှမ်းတွေအတိုင်းသာ အသော့နှင်သည်။

နေခြည်ထွေး၍ နွေးပါစေ(COMPLETED)Where stories live. Discover now