Chapter-47

15.9K 1.5K 108
                                    

Unicode

နှလုံးသားအား တစ်ဖန်ပိုင်ဆိုင်ခြင်း ၃

တပွက်ပွက်ထနေသည့် ရေပြင်။ ရွှေငါးလေးများဟာ ကြာရွက်ကြာပင်တွေကြားမှာ ပြေးလွှားလို့ ပျော်ရွှင်မြူးထူးနေကြပုံရသည်။ ကြီးမားလှသည်မဟုတ်သော်လည်း ကျယ်ပြန့်သော စဉ့်ကန်ကြီးများက သူတို့အတွက်တော့ နိဗ္ဗာန်ဘုံသဖွယ်။ ကြည့်နေ မြင်နေရသူပင် စိတ်ကြည်နူးမှုကို အလိုလိုခံစားလို့ရနေ၏။

ချစ်နိုင်းဟာ ကုတင်ထက် ခပ်စောင်းစောင်းလဲလျောင်းရင်း မှန်အပြင်ဘက်က ရွှေငါးလေးတွေကို ငေးနေမိသည်။ သူ့ခေါင်းထဲမှာ အတွေးတွေကဗလာသပ်သပ်ဖြစ်လျက်။ ကြည်လင်ကာ အေးဆေးနေပြီး ခန္ဓာကိုယ်ဟာလည်း ခေါင်းထဲကလိုပင် ဗလာသပ်သပ်ဖြစ်နေသည်။ ခါးအောက်ပိုင်းကို‌ စောင်ခြုံထားသည်ကလွဲလျှင် ချစ်နိုင်း ကိုယ်အပေါ်ပိုင်းမှာအဝတ်တစ်စပင် ရှိမနေခဲ့။

နေ့လည်ကစပြီး ရွာလိုက်သည့်မိုးက အိမ်ရှေ့ခြံထဲကို စိုစွတ်နေစေပြီး ချစ်နိုင်းကိုယ်ပေါ် ရွာထားသည့်မိုးကတော့ နီညိုရောင်တွေ ထင်ခြယ်လို့ထားသည်။ ကိုကို့ အနမ်းမိုးတွေပင်။ ဂျုတီပိတ်ရက်နှင့်ကြုံတော့ ချစ်နိုင်းအပေါ် သဲကြီးမဲကြီးကို ရွချလို့ထား၏။ တစ်ညနေလုံး ချစ်မိုးစွေလိုက်ကြတာ မိုးချုပ်ခါနီးမှ မိုးစဲသည့် အဖြစ်။ ကာလမိုးစဲချိန်နှင့် ကွက်တိမို့ စိတ်ရောကိုယ်ရောဗလာဖြစ်နေကာ ကုတင်ဘေး မှန်ချပ်ကြီးမှတဆင့် ပတ်ဝန်းကျင်ကို ထိုင်ငေးနေမိသည်။

"အွန်း..."

ချစ်စနိုးညည်းသံနှင့်အတူ ခါးကို ဖက်တွယ်လာသည့် လက်တွေ။ဘယ်အချိန် အခန်းထဲပြန်ဝင်လာသည် မသိ။ ချစ်နိုင်းကျောပြင်က ကိုကို့ရင်ခွင်ကျယ်မှာ ကပ်ခိုကာ လည်ပင်းတစ်ဝိုက်ဟာ ကိုကို့ဝင်သက်ထွက်သက်တွေကြားမှာ နစ်မြုပ်လို့သွားသည်။ ‌ရင်ခုန်သံ တဒိတ်ဒိတ်ဟာ ဗလာဖြစ်နေသောခေါင်းကို ပျော်ရွှင်မှုတွေနှင့် ဖြည့်သိပ်လိုက်၏။ နွေးထွေးလိုက်သည် ဖြစ်ခြင်း။

"ချစ်နိုင်း..ကလေးလေး ဗိုက်မဆာဘူးလား"

ကိုကို့လေသံက ဗလုံးဗထွေးနှင့်။ ကြောင်ကြီးတစ်ကောင်လို ချစ်နိုင်းကိုပွတ်သပ်ကာ နှုတ်ခမ်းတို့ဖြင့် ပုခုံးကိုခပ်ဖွဖွထိဆွဲသွားသေးသည်။

နေခြည်ထွေး၍ နွေးပါစေ(COMPLETED)Where stories live. Discover now