ကျေးဇူးတင်လွှာ/ေက်းဇူးတင္လႊာ

9.2K 836 70
                                    

Unicode

နေခြည်ထွေး၍ နွေးပါစေ ကတော့ ဒီမှာပဲပြီးသွားပါပြီ။ ရာသီဥတုအေးအေးနဲ့ Final Chapterတင်ရတဲ့ ဒီနေ့ကတော့ တကယ်အမှတ်တရပါ။ ငါ ဒါကိုလုပ်နိုင်ခဲ့တာပဲဆိုတဲ့ ပီတိရော ချစ်နိုင်းနဲ့ ကိုသျှမ်းကို ခွဲခွာရပြီဆိုတဲ့ ဝမ်းနည်းမှုရော နှစ်ခုလုံး ခံစားနေရပါတယ်။

ပထမဆုံး ဒီအထိလိုက်လာပေးတဲ့ စာဖတ်သူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်။ စာဖတ်တဲ့သူတွေကြောင့် စာရေးရတဲ့သူ အားရှိတာပါ။ ဆုံးခန်းတိုင် ရေးနိုင်တာပါ။ ဒီအတွက် တကယ်ပျော်ပြီး ကျေနပ်မိပါတယ်။

ချစ်နိုင်းအောင်လေးက အိုင့်အတွက်တော့ ဖိုးကံကောင်းလေးအတိုင်းပါပဲ။ အချစ်တွေ အများကြီးလက်ခံရရှိခဲ့လို့ ခွဲဖို့လက်နှေးနေမိတာပါ။ ကိုသျှမ်းကိုလည်း အများကြီး သဘောကျပေးကြလို့ ဝမ်းသာရပါတယ်။

ဒီဇာတ်လမ်းအတွက် စာရေးချိန်သုံးလနဲ့ ပြင်ဆင်ချိန် တစ်လခွဲလောက်ယူခဲ့တာပါ။ အထူးသဖြင့် ခေါင်လန်ဖူးမြို့လေးအကြောင်းရေးဖို့ မြို့ရဲ့ မြေပုံတွေ၊ ပထဝီဝင် အချက်လက်တွေ ၊ လူမှုရေး စီးပွားရေး ကျန်းမာရေး ပညာရေး အချက်လက်တွေကို လေ့လာနိုင်သမျှ လေ့လာခဲ့ပါတယ်။ ဒါကြောင့်လဲ ပိုပြီး ရေးနိုင်ခဲ့တာဖြစ်ပါလိမ့်မယ်။

အိပ်မက်လမ်းမကြီးကို ဖောက်စဉ်က ပါဝင်ခဲ့တဲ့လုပ်သားတွေအကြောင်း ဆောင်းပါးတွေ ၊ သူတို့တင်ထားတဲ့ စာတွေ ၊ အင်တာဗျူးတွေ ၊ ရိုးရာဓလေ့တွေကို သတင်းစာတွေ ၊ ဗီဒီယိုတွေကနေ တဆင့် ပုံတွေပါကြည့်ပြီးမှ ရေးခဲ့တာမို့ အမှားပါတယ်ဆိုရင်လဲ အိုင့်ရဲ့ ချို့ယွင်းချင်တွေပါ။

ချစ်နိုင်းရဲ့ Fan Art လေးတွေ လက်ဆောင်ရလို့လဲ အများကြီးပျော်ရပါတယ်။စာရေးတဲ့အခါ လိုအပ်တာ ကူညီပေးတဲ့အစ်မတွေ ၊ ရှာဖွေမေးမြန်းပေးတဲ့အစ်မတွေ သူငယ်ချင်းတွေရဲ့ ကျေးဇူးကြောင့် ပိုပြီး ကောင်းကောင်းထွက်လာတာပါ။

နောက်ပြီး ဒါလေးကို ပြန်ညွှန်းပေးကြတဲ့သူတွေကိုလဲ အများကြီး ကျေးဇူးတက်ပါတယ်နော်။ ခု ပြီးသွားပြီမို့ ဖတ်လို့ရကြောင်းလဲ လက်တို့ပေးကြပါအုန်း။

နေခြည်ထွေး၍ နွေးပါစေ(COMPLETED)Where stories live. Discover now