Chapter -30

15.4K 1.5K 163
                                    

Unicode

ဘဝနှင့် အလှည့်အပြောင်း ၉

မွှေးပျံ့နေသော နှင်းဆီပန်းတစ်ပွေ့တစ်ပိုက်ကို Lover Seatမှာတင်လိုက်ပြီး မောင်းသူနေရာ၌ ပြန်လာထိုင်လိုက်သည်။ကား Backမှန်ဆီစောင်းကာ ကိုယ့်ရုပ်ကိုယ်ပြန်ကြည့်တော့ မှုန်မှိုင်းမှိုင်းနှင့်။ သေချာဖီးသင်ထားသော ဆံပင်တို့ကပင် သျှမ်းမျက်နှာကိုကြည့်ကောင်းအောင်လုပ်မပေးနိုင် ။အားတင်းပြုံးလိုက်သည့်တိုင် လန်းဆန်းကြည်လင်မှုတို့အစား ဝန်လေးမှုနှင့်ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်ကသာ လူကိုချုပ်‌နှောင်ထားကြသည်။

"သွားရအောင်..ဟူး.."
သက်ပြင်းမော တစ်ချက်ချလိုက်ပြီးနောက် သျှမ်းရဲ့ဦးတည်ရာက မန္တလေးတက္ကသိုလ်ကြီးဆီသို့။

သိပ္ပံလမ်းအတိုင်း အနောက်ဘက်ဦးတည်လာသည့်ကားလေး ၆၂လမ်းမီးပွိုင့်မှာ ခေတ္တာရပ်သွားသည့်အခိုက် ဘေးနားကပန်းစည်းကို ငုံ့ကြည့်ကာ သျှမ်းပြုံးမိ၏။ရေမွှေးနှင်းဆီဟုပဲခေါ်ရလေမလား စိုရဲကာမွှေးအီနေသော ရနံ့တွေကကားအတွင်းပျံ့လွင့်နေကာ ပန်းစည်းအလယ်ရှိ အညိုရောင်ဝက်ဝံရုပ်လေး၏ ရင်ဘတ်မှ ကျောက်လဲ့လဲ့ကလေးက မျက်စိစူးလာစေသည်။

"ပန်း ပထမဆုံးပေးဖူးတာပဲ။ ကြိုက်ရောကြိုက်ပါ့မလား မသိပါဘူး"
စည်းနှောင်ထားသည့် မိုးပြာရောင်ဖဲကြိုးကလေးကိုထိရင်း အမြဲပြုံးရွှင်ကာ စကားများလွန်းသည့် နှုတ်ခမ်းဖူးဖူးကို သတိရသွားသည်။ သျှမ်းအတွက် နှုတ်ဆိတ်သွားခဲ့သည့် နှုတ်ခမ်းလွှာတွေပေါ့။

ဘယ်အချိန်မှများ အရင်လို တီတီတာတာတွေပြန်ပြောမည်မသိ။ကြောက်လန့်တကြား ငြင်းဆန်နေသောပုံရိပ်ကို ပြန်တွေးမိတိုင်း ဘယ်လောက်ထိတောင် သျမ်းကိုစိတ်ဆိုးသွားသလဲဆိုသည့် အတွေးတွေဟာ တရိပ်ရိပ်တိုးလာစမြဲ။

တီ!!
ကျယ်လောင်သည့် ဟွန်းသံတွေက မီးပွိုင့်ဖြတ်ဖို့ တွန်းအားပေးရသည်အထိ သျှမ်းအတွေးတွေဟာ အမျှင်မပြတ်။ ၈နာရီခွဲလုပြီမို့ အတွေးလျှော့ကာ ခပ်သွက်သွက်မောင်းမှဖြစ်လိမ့်မည်။

ကားကိုအရှိန်တင်မောင်းလာပြီး မန္တလေးတက္ကသိုလ်ကြီးဆီရောက်တော့ ၈နာရီခွဲကွက်တိပင်။ ကားရပ်စရာနေရာရှာပြီးနောက်  နှင်းဆီပန်းတွေကို တယုတယပွေ့ပိုက်ရင်း  ဘွဲ့နှင်းသဘင်ခန်းမဆီ ဦးတည်ခဲ့လိုက်သည်။

နေခြည်ထွေး၍ နွေးပါစေ(COMPLETED)Where stories live. Discover now