Chapter-3

18.5K 1.8K 43
                                    

Unicode

ရုန်းထွက် မရခြင်းများ ၃

ဖတ်ခနဲ ဖတ်ခနဲ ရိုက်သံများနှင့်အတူ လေတိုးသံများကြား ပျံ့လွင့်လာသည့် တဟားဟားရယ်သံတွေ။ သျှမ်းသည် မျက်ခုံးနှစ်ဖက်ထိစပ်တော့မတတ် မျက်မှောင်ကျုံ့ထားရင်း သူ့ရှေ့က ‌ဆိုင်ကယ်မောင်းနေသူကို ဒေါသထွက်စွာကြည့်နေမိသည်။ ကလစ်ဆိုင်ကယ်လေးဟာ ဆိုင်ကယ်များ၊ကားများအကြား ဝှစ်ခနဲ ဝှစ်ခနဲ ကျော်တက်မောင်းနှင်နေသည်မှာ မြင်းရိုင်းတစ်ကောင်နှယ်။လူကသာ စိတ်တိုနေရပေမဲ့ လက်တွေကတော့ ရှေ့ကခါးသွယ်သွယ်ကို တင်းနေအောင်ဖက်ထားရသည်။ သူ ပြုတ်ကျပြီး သေမသွားချင်သေးပါ။

ဆိုင်ကယ်ကို မထီလေးစားမောင်းနေသည့်
ချစ်နိုင်းအောင်ဟာ ဒီနေ့လည်း နည်းတစ်မျိုးနဲ့ သျှမ်းကိုနှိပ်စက်ချင်ပုံရသည်။ အိမ်ကထွက်လာကတည်းက နည်းနည်းမှအငြိမ်မနေ။ဆိုင်ကယ်ကိုဖြေးဖြေးမောင်းဖို့ သျှမ်းပြောလေ သူက လီဗာကိုဆွဲဆွဲပြပြီး မထိတထိလုပ်လေဖြစ်သည်။ တကယ်ဆိုရင် "ကိုကို့ ကားထားခဲ့ ချစ်နိုင်းဆိုင်ကယ်နဲ့ ပို့မယ်" ဆိုကတည်းက  သျှမ်းငြင်းပစ်ခဲ့ဖို့ကောင်းသည်။

"မင်းကို ဖြေးဖြေးမောင်းဖို့ပြောနေတယ်လေ"
ခါးကိုဆွဲညှစ်ရင်း သျှမ်းပြောတော့ ရှေ့ကအသံက အွတ်ခနဲ။ နောက်တော့
"ကြောက်ရင် တင်းတင်းဖက်ထား" ဆိုသည့်
မခန့်လေးစားသံထွက်လာသည်။

ချစ်နိုင်းအောင်က သျှမ်းကို လေးစားရကောင်းမှန်းလုံးဝ သိပုံမရ။ မီးပွိုင့်မှာ ရပ်နေပေမဲ့ သူတို့ဆိုင်ကယ်က အငြိမ်မနေပဲလှုပ်ယမ်းလို့နေသည်။ဟိုဘက်ကနေ ခေါင်းစောင်းပြီး သျှမ်းမျက်နှာကိုကြည့်လိုက် ဒီဘက်ကနေလှည့်ကြည့်လိုက်နှင့် မျက်စိနောက်စရာ ငရှုပ်ကြောင့်ပင်။

ငြိမ်ငြိမ်နေဖို့ ကြိမ်းလိုက်တော့ စပ်ဖြီးဖြီးမျက်နှာက ရှေ့ပြန်လှည့်သွား၏။ဖြူဝင်းနေသော လည်ကုတ်သားဟာ သျှမ်းမျက်စိရှေ့မှာ အထင်ရှား။ ပူကြပ်နေသည့် မန္တလေးရဲ့ နေရောင်က ချစ်နိုင်းအောင်ရဲ့လည်ကုတ်ကို လောင်ကျွမ်းသွားစေနိုင်လောက်၏။လက်ရှည်ဝတ်ထားသည့်တိုင်အောင် လည်ပင်းနေရာလစ်ဟာကာ နေလောင်ခံနေရရှာသည်။

နေခြည်ထွေး၍ နွေးပါစေ(COMPLETED)Where stories live. Discover now