အခန်း (၅၀) - ချစ်ခြင်းတရားတို့ရှိရာ Part I

1.8K 109 9
                                    


အခန်း (၅၀) - ချစ်ခြင်းတရားတို့ရှိရာ
Part I

Unicode

[HE= MY FIRST LOVE]

၄နှစ်တာကြာတဲ့အချိန်အထိ မင်းခန့်ထည်ဆိုတဲ့ကောင်လေးတစ်ယောက်ဟာတစ်ခုသောအချစ်ဒဏ်ရာကြောင့်ယဥ်ယဥ်လေးရူးနေဆဲပင်။ သူ၏မိခင်ဖြစ်သူက အမြဲမျက်ခြေမပြတ်စောင့်ရှောက်နေရကာ ခန္ဓာကိုယ်အားအဆိုးဝါးဆုံးထိခိုက်စေနိုင်တဲ့ပစ္စည်းများကို သားဖြစ်သူ၏မျက်ကွယ်ရာတွင်အချိန်တိုင်းဝှက်ထားခဲ့ရသည်။

အဘယ့်ကြောင့်ဆိုသော် ဘွဲ့နှင်းသဘင်အခမ်းအနားကနေပြန်လာပြီးတဲ့နောက် သားဖြစ်သူကထပ်ပြီးအခန်းပိတ်နေပြန်ကာ Cameraထဲကပုံတွေကိုထပ်ထုတ်နေပြန်တာကိုသိနေပေမယ့်လည်း ဒီတစ်ခေါက်မှာတော့ဘာကြောင့်မှန်းမသိသူမစိတ်ထဲ၌သိပ်ဘဝင်မကျဖြစ်နေတာကြောင့်ပင်။

ထို့ကြောင့်ဒေါ်ဝင့်ဝါထည်မှာ ၁၀ရက်ထိမစောင့်နိုင်တော့ဘဲ အခန်းတံခါးကိုထပ်ရိုက်ချိုးခိုင်းခဲ့သည်။ သူမအခန်းထဲသို့လျှောက်လှမ်းဝင်သွားတဲ့အခါ အခန်းထဲမှာပိန်းပိတ်အောင်မှောင်နေတာကြောင့် အခန်းထဲကိုသဲသဲကွဲကွဲမမြင်ရပေ။ဒါပေမယ့် ကျယ်လောင်တဲ့သီချင်းသံတွေကိုတော့ကြားနေရသည်။

🎼 မျှော်လင့်ခြင်းလေးနဲ့အားတင်းထား🎼

🎼 ချစ်သူရယ် ပြန်လာတော့မှာ🎼

🎼 ဒီအခန်းကျဥ်းလေးထဲ ငါမျက်လုံးမမှိတ်ခင်ပါ 🎼

ဒေါ်ဝင့်ဝါထည်ဟာနီညိုရောင်အခန်းလိုက်ကာစတွေကို အမြန်ဆွဲဖွင့်လိုက်တော့ အခန်းထဲမှာလုံးဝလင်းထင်းသွားခဲ့သည််။
ထိုအခါပြတင်းထက်မှဖြတ်ဆင်းလာတဲ့ရောင်ခြည်တန်းလေးတွေက အဖြူရောင်ပိုးသားတွေနှင့်ဖြန့်ခင်းထားသော ခုတင်တစ်ခုပေါ်၌ငြိမ်သက်စွာလဲလျောင်းနေသည့် ကောင်ကလေးရဲ့မျက်နှာထက်ဆီသို့ဖြာကျသက်ဆင်းလာခဲ့ပေသည်။

"သား....သားအိပ်နေတာလား?"

"...."

သူမခုတင်နားဆီသို့တဖြည်းဖြည်းချဥ်းကပ်လိုက်ပြီးနောက် သားဖြစ်သူရဲ့လက်မောင်းလေးအားလှုပ်နှိုးလိုက်သော် အိပ်စက်နေတဲ့ကောင်လေးက အနည်းငယ်မျှတုံ့ပြန်လာခြင်းမရှိခဲ့သလို သီချင်းသံလေးကသာအခန်းတွင်း၌ကျယ်လောင်စွာပျံ့နှံ့နေပေမယ့်လို့ သူလေးရဲ့အသက်ရှုသံကိုတော့ အခန်းတွင်းရဲ့တစ်ထောင့်တစ်နေရာကမှမကြားရတော့ပေ။

HE=MY FIRST LOVE [ကိုယ့်အချစ်ဦး ](Completed)Where stories live. Discover now