အခန်း(၂၅)-ရူးအောင်ချစ်ရပါသော
Unicode
[ချစ်ခြင်းတို့ကင်းမဲ့စွာ အေးစက်မာကြာလွန်းတဲ့သူ၏မျက်နှာ]
မနက်ရှိုင်းနိုးလာတော့ ခုတင်ဘေးဇောင်း၌ လက်တင်ကာအိပ်ပျော်နေရှာတဲ့ သူတိတ်တခိုးချစ်ရပါသောလူသားအားမနက်နိုးနိုးချင်းတွေ့လိုက်ရတာကြောင့် သူ့နှလုံးသားလေးကချိုမြိန်သွားကာ နှုတ်ခမ်းထောင့်စွန်းတို့ကအလိုလိုကွေးတက်သွားရသည်။ မင်းခန့်ထည်မှာရှိုင်းနိုးလာသည့်အချိန်အထိပင်လက်ပေါ်ခေါင်းတင်ထားလျက်ရှည်လျားညီတန်းသောပိတုန်းရောင်မျက်တောင်ကလေးတွေကိုမှိတ်စင်းထားဆဲပင်။အခန်းလိုက်ကာစတွေကြားကနေတိုးဖောက်ဖြာကျလာတဲ့ နေရောင်အလင်းတန်းလေးကသူချစ်သောသူပေါ်သို့နူးညံ့ထင်းလင်းစွာကျရောက်နေတဲ့အခါ ထိုလူသားရဲ့ချောမောခန့်ညားတဲ့မျက်နှာတစ်သွယ်ဟာဆိုရင် သူ့ရဲ့မျက်ဝန်းတွေထဲမှာအပြစ်ကင်းစင်မှုအပြည့်နဲ့ချစ်စရာကောင်းနေပေသည်။
ရှိုင်းလည်းမင်းခန့်ထည်၏လက်ဖမိုးလေးအားနူးညံ့စွာထပ်ကိုင်လိုက်ပြီးနောက်မင်းခန့်ထည်အားအိပ်ယာနှိုးခြင်းကိုအစပြုလေသည်။
"အကိုထတော့လေ။ ဒီလိုကြီးတစ်ညလုံးအိပ်နေရတာ ခြေလက်တွေကိုက်ခဲကုန်တော့မယ်"
ထိုအခါမင်းခန့်ထည်ကသူ့ရဲ့မျက်လုံးတွေကိုမှိတ်ချထားလျက်နဲ့လှုပ်ရှားလာခဲ့ပြီး သူ၏ခေါင်းလေးအား ရှိုင်းရဲ့ပေါင်ပေါ်သို့ပြောင်းတင်လိုက်ပါတော့သည်။
ရှိုင်းဇေယံမှာရုတ်တရက်မို့ကြောင်အသွားပြီး ခြေမကိုင်မိလက်မကိုင်မိဖြစ်သွားရကာ ကျောက်ရုပ်ကြီးတမျှတောင့်တောင့်ကြီးငြိမ်နေမိလေသည်။"အကို နိုးရင်လည်းထတော့လေဗျာ"
မင်းခန့်ထည်ကမျက်လုံးမဖွင့်လာဘဲအပျင်းကြောဆွဲကာလေးလေးပင်ပင်နဲ့ပြောလာသည်။
"ခနလေးပဲ။၅မ်ိနစ်လောက်ပဲ....."
"ဒီအပေါ်မှာလာအိပ်ပါလား။အကို့လည်ပင်းတွေနာနေလိမ့်မယ်နော်"
YOU ARE READING
HE=MY FIRST LOVE [ကိုယ့်အချစ်ဦး ](Completed)
Romanceသူဆိုတဲ့ကိုယ့်အချစ်ဦးလေးကကမ်းစပ်လေးဆီငြိမ်သက်စွာနဲ့ဝင်ရောက်တိုက်ခတ်လာပြီး အသိမပေးဘဲပြန်လည်ထွက်ခွာသွားတတ်တဲ့ရေလှိုင်းလေးနဲ့ဆင်တူတယ်။ရေလှိုင်းလေးတွေကပင်လယ်ပြင်ကြီးထဲကိုထွက်ခွာသွားပြီးဘယ်လောက်ထိကြာအောင်ကူးခတ်နေရပါစေ တစ်နေ့နေ့တော့ ကိုယ်ဆိုတဲ့ကမ်းစပ်လေးတ...