အခန်း(၁၈)- Sweet

6.5K 596 19
                                    

အခန်း (၁၈)- Sweet

Unicode

[One rose for you ,not for a vote]


ရှိုင်းသယ်ရမယ့်ပစ္စည်းတချို့ကိုမင်းခန့်ထည်ကပဲသယ်လာလိုက်ပြီးနောက် စတိုခန်းနံပါတ်15 ကနေ ဋ္ဌာနသို့၂ယောက်အတူတူပြန်လာလိုက်ကြသည်။

ထိုစဥ် ရှိုင်းရဲ့ မျက်နှာလေးက စတော်ဘယ်ရီရောင်လေးသမ်းနေလျက်။Fဆောင်ကထွက်လာပြီးကတည်းက မင်းခန့်ထည်နဲ့မျက်နှာချင်းမဆိုင်ပေ။မင်းခန့်ထည်ကတော့ ရှိုင်းရဲ့မျက်နှာလေးအား တစ်ချက်တစ်ချက်ကြည့်လိုက်ပြီး ရင်ထဲ၌ ကြိတ်ရယ်ချင်စိတ်များတဖွားဖွားတက်လာနေသည်ကို မနည်းအောင့်ထားရသည်။

'ဒီကလေးနဲ့ကတော့ ခက်ပြီ'

"ရှိုင်းလေး အဲ့အခန်းထဲရောက်နေတာဘယ်လောက်ကြာပြီလဲ"

"မသိဘူး ကျနော်ခန့်မှန်းကြည့်တာတော့ ၂နာရီနီးပါးလောက်ရှိပြီထင်တယ်"

ရှိုင်းဇေယံက ရှေ့တည့်တည့်ကိုကြည့်နေရင်းနဲ့ဆိုလိုက်ခြင်းဖြစ်သည်။

"အကို့မျက်နှာကို တစ်ချက်လောက်ကြည့်ပါဦးကွာ"

ထိုအခါမှ ရှိုင်းရဲ့မျက်ဝန်းလေးများက
မင်းခန့်ထည်ဆီသို့ရွေ့လျားလာခဲ့လေသည်။မင်းခန့်ထည်ကလည်းထိုအခွင့်အရေးကိုလက်လွှတ်မခံဘဲ ထိုကောင်လေးရဲ့မျက်ဝန်းလေးများဆီသို့စူးစူးနစ်နစ်စိုက်ကြည့်ပေးလိုက်တော့ ရှိုင်းကမသိမသာနဲ့အကြည့်ပြန်လွှဲလိုက်တော့သည်။

ထိုအခါ မင်းခန့်ထည်ကထရယ်လာလျက်။

"ရှက်သွားတာလား ကလေး"

"ဘာကိစ္စရှက်ကမှာလဲ ပြီးတော့ ကျနော့်ကိုကလေးလို့မခေါ်ပါနဲ့ဆို ကျနော်မကြိုက်ဘူး"

"ကောင်းပြီလေ ဒါဆို ရှိုင်းလေးလို့ခေါ်မယ်ဆိုရင်ကော"

"ခေါ်ချင်သလိုသာခေါ် ကလေးမဟုတ်ရင်ပြီးရော" ဟုအလေးမထားဟန်လက်ပြ၍ဆိုလိုက်ကာ ထိုကောင်လေးကခြေလှမ်းသေးသေးလေးတွေနဲ့သူ့အား နောက်တွင်ချန်ရစ်ထားခဲ့လေသည်။

"ကိုယ့်ကိုစောင့်ဦးလေ"

မင်းခန့်ထည် ထိုကောင်လေးနောက်သို့အပြေးလိုက်သွားပြီးနောက် ကောင်လေးရဲ့ပခုံးတစ်ဖက်ကိုလှမ်းဖက်လိုက်တာကြောင့် ရှိုင်းဇေယံမှာမင်းခန့်ထည်ရဲ့သန်မာတဲ့လက်တစ်ဖက်အောက်ကိုလျှိုဝင်သွားရတော့သည်။ထို့နောက် ထိုပုံစံအတိုင်းပဲသူတို့နှစ်ယောက် ဌာနသို့ပြန်လာခဲ့ကြသည်။သူတို့ပြန်ရောက်တော့ မင်းစက်ကခုထိပြန်ရောက်မလာသေးတာကြောင့် မင်းခန့်ထည်ကထူးဆန်းတယ်လို့ခံစားရကာရှိုင်းဇေယံကိုမေးကြည့််လိုက်သည်။

HE=MY FIRST LOVE [ကိုယ့်အချစ်ဦး ](Completed)Where stories live. Discover now