အခန်း(၇)-ပြိုလဲခြင်းအစ

8.7K 564 3
                                    


အခန်း (၇) - ပြိုလဲခြင်းအစ

Unicode

[မောင့််ရဲ့မျက်ဝန်းတွေကသူ့ဆီမှာပဲ]


ဆရာကရှိုင်းကိုချီးကျူးပေးလိုက်သံအားကြားလိုက်ရသည်နဲ့တပြိုင်နက် မင်းခန့်ထည်လည်း သတိပြန်ဝင်လာကာ ထထိုင်လိုက်ပြီးနောက် ကောင်လေးရဲ့မျက်နှာဆီကိုတစ်ချက်ရှုကြည့်လိုက်ပြီး မှင်သေသေမျက်နှာထားနဲ့ထရပ်လိုက်တော့သည်။

သူမတ်တပ်ရပ်လိုက်ပြီးထွက်သွားမည်အလုပ်သူ့ရဲ့ညာဖက်လက်ကို လက်အေးအေးလေးတစ်စုံက ဆုပ်ကိုင်လိုက်တာကြောင့်ထွက်သွားတော့မယ့်ခြေလှမ်းတွေကရပ်တန့်သွားရကာ မင်းခန့်ထည်သည် ထိုလက်အေးအေးပိုင်ရှင်လေးကို ငုံ့ကြည့်လိုက်လျက် ဖြည်းညင်းညင်သာစွာမေးလိုက်လေသည်။

"ဘာဖြစ်လို့လဲ ညီ.."

ထိုအခါရှိုင်းဇေယံက သူ့ရဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့မော့ကြည့်လာပြီး ထိုကောင်လေးရဲ့နှုတ်ခမ်းဖူးဖူးလေးထက်ကနေထွက်ကျလာတဲ့
"ကျေးဇူးတင်ပါတယ် အကိုမင်းခန့်ထည်"
ဆိုသော စကားသံလေးတွေကမထူးဆန်းသော်လည်း သူ၏အတွက်တော့အထူးတဆန်းဖြစ်စွာ ကျေနပ်ပီတိဖြစ်ရကာ သူ၏ရှည်သွယ်သောမျက်လုံးအနားသတ်တို့ကကွေးညွတ်သွားရလေသည်။

"ရပါတယ် ညီရယ်"

"first year သင်တန်းသူသင်တန်းသားများ အရှေ့နားမှာလူလာစုပေးကြပါ ဆရာ ပြောစရာလေး ရှိသေးလို့"

ထိုအသံတို့ဆုံးသည့်တိုင် သူ့လက်ကိုဆုပ်ကိုင်ထားတဲ့ရှိုင်းဇေယံရဲ့လက်ကလေးကမလွှတ်ပေးသေးတာကြောင့် ကောင်ကလေးရဲ့လက်တစ်ဖက်ကို သူကိုယ်တိုင်ပဲဖြုတ်ချလိုက်တော့သည်။

"သွားတော့လေ ညီ ဆရာခေါ်နေပြီ"

သူမေးဆတ်ပြကာဆိုလိုက်တော့ ကောင်လေးကတစ်ဖက်သို့ခေါင်းလှည့်ကြည့််လိုက်ပြီးမှသူ့အားခေါင်းညှိတ်ပြလာပြီး ကျောခိုင်းလျက်ထွက်သွားတော့သည်။

မင်းခန့်ထည်လည်း ရှိုင်းဇေယံရဲ့ကျောပြင်လေးကိုတစ်ချက်ထပ်ကြည့်လိုက်ပြီးနောက် မင်းစက်နဲ့အတူ Canteenဘက်သို့ထွက်လာခဲ့လိုက်သည်။စီနီယာတွေအနေနဲ့ဘာမှလုပ်စရာမရှိတော့တာကြောင့် သူတို့အရင်ဆုံးသင်တန်းကနေထွက်လာခဲ့ခြင်းပေ။

HE=MY FIRST LOVE [ကိုယ့်အချစ်ဦး ](Completed)Where stories live. Discover now