အခန်း(၄) - First smile's Night

8.5K 603 1
                                    


အခန်း(၄)- First smile's night

Unicode

[ချာတိတ်လေးရဲ့နာမည်]


မင်းခန့်ထည်တစ်ယောက် အဆောင်ကိုပြန်ရောက်တဲ့အထိ ဟိုချာတိတ်လေးကအဆောင်ကိုပြန်မရောက်လာသေးပေ။

အခန်းထဲမှာ သူတစ်ယောက်တည်းရှိနေစဥ်အခန်းကိုတစ်ချက်လှည့််ပတ်ကြည့်လိုက်ပြီးနောက် အနည်းငယ်ရှုပ်ပွနေတဲ့သူ့ရဲ့ စာအုပ်တွေကိုပြန်စီနေလိုက်ရင်း စားပွဲခုံတစ်ဖက်ရှိ Physicsစာအုပ်အထူကြီးပေါ်သို့ သူ၏မျက်စိ၂ဖက်ကအလိုလိုကျရောက်သွားရသည်။

သူထိုစာအုပ်အထူကြီးကိုကောက်ကိုင်လိုက်ပြီး စာအုပ်အတွင်းဘက်သို့လှန်ကြည့်လိုက်တဲ့အခါ
ပထမဆုံးမာတိကာစာရွက်ရဲ့ ညာဘက်ထောင့်အပေါ်ဆုံးနားလေးမှာ ဝိုင်းစက်နေတဲ့
စာလုံးလေးသုံးလုံးကိုမြင်တော့
မင်းခန့်ထည် နှုတ်ခမ်းဖျားမှ အသံတိုးတိုးလေးနဲ့ရေရွတ်မိသွား၏။

"ရှိုင်းဇေယံ..."

အခုမှပဲ သူ့အတွက် မျှတသလိုခံစားလိုက်ရတာကြောင့်သူ၏နှုတ်ခမ်းထောင့်စွန်းတို့ကကျေနပ်မှုအပြည့်နဲ့အပေါ်ဘက်သို့ကော့တက်သွားရသည်။

"မင်းငါ့နာမည်ကိုအရင်သိတာ ငါရှုံးသလိုခံစားခဲ့ရပေမယ့်
အခုတော့ သရေပဲဖြစ်သွားပြီ ချာတိတ်"

အမှန်တကယ်တော့ထိုကောင်လေးက သူ့နာမည်ကိုသိနေတာနဲ့ပက်သတ်ပြီးသူဘဝင်ခိုက်ချင်သလိုလိုခံစားလိုက်ရပေမယ့် သူဝန်မခံခဲ့ပေ။

သူတကယ်ကိုကျေနပ်ပီတိဖြစ်မိတာကိုတော့သူ၏မျက်နှာထက်ကအပြုံးကြီးတစ်ပွင့်ကခိုးကြောင်ခိုးဝှက်နဲ့သက်သေခံနေပေသည်။

သို့ရာတွင် သူမသိလိုက်တဲ့အချက်တစ်ချက်ရှိနေသေးလေ၏။
ကျောင်းကိုရောက်လာတဲ့ First yearတိုင်းဟာ အားအားရှိတိုင်း
သူ၏နာမည်ကို တောင်စဥ်ရေမရပြောဆိုနေကြတာကြောင့် ရှိုင်းဇေယံရဲ့နားထဲမှာ'မင်းခန့်ထည်'ဆိုတဲ့နာမည်သုံးလုံးဟာဆိုရင်
မကြားချင်မှအဆုံးနားရည်ဝတဲ့အထိရိုက်သွင်းခံထားရပါတဲ့ အကြောင်းအရင်းမှန်ကိုတော့သူမသိခဲ့ခြင်းပေ။

HE=MY FIRST LOVE [ကိုယ့်အချစ်ဦး ](Completed)Where stories live. Discover now