အခန်း(၂၄) - အိမ်မက်ထဲ၌ယစ်မူးခြင်း

5.3K 456 16
                                    

အခန်း (၂၄) - အိမ်မက်ထဲ၌ယစ်မူးခြင်း

Unicode

[Princess Alexandra of Kent]

"ရှိုင်းဇေယံ မင်းအပြစ်ကိုမင်းသိတယ်နော်!"

"ဘာကိုလဲ။ကျနော်ဘာအပြစ်မှမလုပ်ထားဘူး"

ညီအကိုနှစ်ယောက်ကြား
မီးပွားလေးတွေတဖွားဖွားလွင့်စင်နေရင်းမုန်တိုင်းလေပြင်းတို့က အရှိန်အဟုန်ဖြင့်ဆော်သွေးလို့နေလျက်။တစ်ယောက်နှင့်တစ်ယောက်လုံးဝအလျှော့ပေးကြမည့်ပုံမရှိ။
ရှိုင်းဆက်ယံမှာ သူ၏ညီငယ်အပေါ်ဒေါသဖြစ်နေတာထက် စိုးရိမ်ပူပန်ခြင်းအငွေ့အသက်တို့သည်သာ သူ့ရဲ့မျက်နှာထက်မှာအထင်းသားလွှမ်းခြုံထားလျက်။

"အရင်လေးလတုန်းက မင်းဘာတွေလုပ်နေလဲ"

"သင်တန်းတက်နေတယ်"

"သင်တန်းတက်ဖို့တော့အချိန်ရှိပြီး ကို့ကိုယ်ကိုဂရုစိုက်ဖို့ကျအချိန်မရှိဘူးပေါ့ဟုတ်လား"

"ကိုယ့်ကိုယ်ကိုဂရုစိုက်တာကဘာလဲ ကျနော့်သွေးကို တစ်လနှစ်ခါလောက်ပုံမှန်သွားဖောက်ပေးနေရတာမျိုးလား"

ထိုစကားတို့ကိုကြားသော် ရှိုင်းဆက်ယံရဲ့မျက်နှာဟာနီရဲလာလျက် စားပွဲခုံကိုဝုန်းခနဲမြည်အောင်ရိုက်ချလိုက်ပါတော့သည်။

"ဒီသောက်အသုံးမကျတဲ့အတွေးတွေရှိနေတဲ့မင်းကြောင့် ဟိုကသုတေသနအဖွဲ့ကရပ်ရတော့မယ်ဆိုတာမင်းသိလား အရူးထနေတဲ့မင်းရဲ့လုပ်ရပ်တွေကြောင့် နောက်ဆုံး ဘာရလဒ်တွေဖြစ်လာမယ်ဆိုတာ မင်းသိရဲ့လား"

"နောက်ဆုံးရလဒ်ဆိုတာက! ......"

ရှိုင်းဇေယံကလှောင်ထေ့ထေ့ပြုံးလိုက်ကာအကိုဖြစ်သူမျက်နှာကိုတည့်တည့်စိုက်ကြည့်လာရင်း ဂရုမစိုက်စွာတစ်လုံးချင်းပြောလာလေ၏။

"ကျနော် သေမှာကိုပြောတာလား"

ညီဖြစ်သူရဲ့နှုတ်ဖျားထက်ကနေသေခြင်းတရားနဲ့ပက်သတ်ပြီးမထီဟန်ဖြင့်ဆိုလာတဲ့စကားတို့ကိုကြားတဲ့အခါ ရှိုင်းဆက်ယံရဲ့မျက်နှာဟာစိုးရိမ်ဒေါသကြောင့်ပိုပြီးနီရဲတောက်လာရပြီး သူဆတ်ခနဲမတ်တပ်ထရပ်လိုက်ကာမလှုပ်မယှက်နဲ့တုံ့ပြန်နေသည့်ထိုကောင်လေးကိုသူဆွဲဆောင့်ပစ်ချင်နေပြီဖြစ်သည်။သို့ပေမယ့် သူထိုသို့မလုပ်ရက်တာမို့ ရှိိင်းဇေယံရှေ့မှာလက်ညှိုးငေါက်ငေါက်ထိုးကာမာထန်အက်ကွဲစွာနဲ့ဒေါသတကြီးပေါက်ကွဲလာတော့သည်။

HE=MY FIRST LOVE [ကိုယ့်အချစ်ဦး ](Completed)Where stories live. Discover now