အခန်း(၁) - အခန်းဖော်ချာတိတ်

19.7K 869 9
                                    

အခန်း(၁) - အခန်းဖော်ချာတိတ်

Unicode

[ကျောင်းရဲ့အချောဆုံးသော ]

ကျောင်း lobbyထက်သို့ မြင်သမျှလူတိုင်း ကြည်နူးမဆုံးတပြုံးပြုံး ဖြစ်အောင်ပြုစားနိုင်ပါသော စုံတွဲလေးတစ်တွဲသည် အဖြူရောင်လှေကားတွေထက်ကနေ ကျောင်းပေါ်သို့တစ်ရွေ့ရွေ့နှင့်တက်လာနေလေသည်။

Decemberလအစဟာဆိုရင် နှစ်တစ်နှစ်၏စာသင်နှစ်အစဖြစ်တာကြောင့် Lobbyထက်၌ကျောင်းသားသစ်၊ကျောင်းသားဟောင်းတွေနဲ့ပြာပန်းခတ်ဆူညံနေကာ ထိုစုံတွဲလေးကိုမြင်လိုက်ရတဲ့ Lobbyကလူတိုင်းဟာဆိုရင်နောက်သို့ပြန်လှည့်မကြည့််ဘဲမနေနိုင်တဲ့အထိ လူအများ၏အမြင်ကိုဖမ်းစားထားပေ၏။

ကောင်မလေးမှာသူမ၏ချစ်သူကောင်လေးကိုသာ မျက်တောင်မခတ်စတမ်းကြည့်နေခဲ့ကာ ပါးပြင်ပေါ်ကပါးချိုင့်လေးတွေထင်းခနဲပေါ်အောင် အလှပဆုံးပြုံးပြနေရင်း နူးညံ့ချိုသာသောချစ်စကားလေးများကို အလွန်တရာချောမောကြည့်ကောင်းပါသည့်သူမ၏ချစ်သူကောင်လေးရဲ့နားနားသို့ကပ်ကာတဖွဖွဆိုနေပေသည်။

ထိုလှပသောမိန်းကလေး၏ချစ်သူကောင်လေးမှာမူ သူ၏ချစ်သူလေးပြောသမျှအရာရာကို မငြီးငွေ့စတမ်းခေါင်းတငြိမ့်ငြိမ့်နှင့် နားထောင်ပေးရင်းနူးညံ့စွာပြုံးနေရှာသည်မှာတကယ်ကိုကြည်နူးအားကျဖွယ်ကောင်းလှပေသည်။

နူးညံ့လှပတဲ့ကောင်မလေးနဲ့ညှို့အားပြင်းကြည့်ကောင်းလှသည့်ကောင်ကလေးတို့သည်Lobbyထက်ရှိFrameအဝိုင်းတစ်ခု၌ဝင်ထိုင်လိုက်ကြပြီးနောက်ကောင်မလေးကကောင်လေးဘက်သို့ လှည့်ကြည့်လိုက်ကာစကားဆိုလိုက်သည်။

"မောင် ဒီနှစ် first yearလေးတွေ လူညီတယ်သိလား
ယောက်ျားလေးကော မိန်းကလေးကောပဲ မျှတယ်"

ကောင်လေးကမျက်လွှာချထားလျက်သူ၏ဖုန်းကိုဖွင့်လိုက်ရင်း နူးညံ့သြရှသောအသံနဲ့ပြန်တုံ့ပြန်လာခဲ့သည်။

"ဟုတ်လား ကိုယ်တောင်မသိလိုက်ဘူး"

........................................................................

HE=MY FIRST LOVE [ကိုယ့်အချစ်ဦး ](Completed)Where stories live. Discover now