အခန်း(၁၆) - ရင်ဘက်ထဲကတမ်းတခြင်းများစွာ

6.2K 429 9
                                    

အခန်း (၁၆) - ရင်ဘက်ထဲကတမ်းတခြင်းများစွာ

Unicode

[တစ်ယောက်သောသူရဲ့မတူညီသောအခြားတစ်ဖက် ]

မင်းခန့်ထည်နဲ့ဟန်လင်းထက်တို့ရဲ့စကားဝိုင်းကတော့ မုန်တိုင်းတစ်ခုဝင်မွှေနေတဲ့အလားပင်။ပြင်းထန်သောလေနီကြမ်းတို့က သူတို့၂ဦးစလုံးရဲ့ရင်ထဲတစ်နေရာ၌တဝုန်းဝုန်းတအုန်းအုန်းဖြင့်တိုက်ခတ်ဖျက်ဆီးလျက်ရှိသည်။

မင်းခန့်ထည်ရဲ့မျက်နှာထက်ကအပြုံးတို့ဟာရုတ်ချည်းပြောင်းလဲပျောက်ကွယ်သွားခဲ့ပြီး ဟန်လင်းထက်ရဲ့မျက်နှာအမူအရာဟာလည်း အေးခဲမှုအပြည့်နဲ့တစ်စထက်တစ်စတင်းမာလာခဲ့ရသည်။

"ဟုတ်တယ် ကျနော်က ကိုကြီးမာန်ရဲ့ညီအရင်းပဲ အဲ့တော့ ကိုကြီးအပေါ်လုပ်ခဲ့တဲ့ခများအပြစ်တွေအတွက် ပြန်ပေးဆပ်ရမှာကို
အခုကြောက်နေပြီလား"

ဟန်လင်းထက်ရဲ့အသံများဟာ အက်ကွဲနေကာလှောင့်ထေ့နေသောအငွေ့အသက်များကစိုးမိုးထားသည်။

"ငါ ပြောလိုက်တဲ့စကားတွေက အဲ့လောက်ထိဖြစ်သွားလိမ့်မယ်လို့ငါမထင်ထားခဲ့မိဘူး
အဲ့ဒီအမှားကိုလည်း ငါဝင်ခံပါတယ် ငါအခုဒီနေမှာတင် မင်းရဲ့ရှေ့မှာဒူးထောက်ရမယ်ဆိုရင်လည်း ငါဒူးထောက်ပြီးတောင်းပန်ပါ့မယ်"

"ခများဒူးထောက်တောင်းပန်ရုံနဲ့
မကျေနိုင်တော့ဘူးဆိုတာ ခများသိရဲ့လား!"
ဟန်လင်းထက်ရဲ့မျက်ဝန်းများ၌ သွေးကြောမျှင်တို့ကနီဆွေးစွာပြည့်နှက်လာခဲ့ရပြီး ခမ်းခြောက်နေတာကြာပြီဖြစ်တဲ့မျက်ရည်တွေတောင်တစ်ဖန်ပြန်ဝဲတက်လာရသည်။

မင်းခန့်ထည်လည်း ထိုကောင်လေးရဲ့စကားနဲ့အမူအရာတွေကို အသေအချာအကဲခတ်ကြည့်နေရင်းနဲ့ တစ်ခုခုကမူမမှန်တော့ဘူးဆိုတာကို သူရိပ်မိလိုက်လေသည်။

"ညီလေးဟန်လင်းထက် မာန် အဆင်ကောပြေနေရဲ့လား"

မင်းခန့်ထည်ရဲ့ထိုစကားအဆုံး၌ ဟန်လင်းထက်ကဒုန်းဆိုင်းလျှောက်လာကာ တစ်ဖက်လူရဲ့အင်္ကျီကော်လံအဖြူကို ကြေမွသည်အထိဆောင့်ဆွဲလိုက်လေသည်။

HE=MY FIRST LOVE [ကိုယ့်အချစ်ဦး ](Completed)Where stories live. Discover now