အခန်း (၃၉) - မေ့ပျောက်နေခဲ့သော.....

4.2K 363 10
                                    

အခန်း (၃၉) - မေ့ပျောက်နေခဲ့သော.....

Unicode

[နှလုံးသားမဲ့စွာရက်စက်တတ်သောချစ်သူ]


သူ ထိုခြံဝန်းလေးကိုကျောခိုင်းထွက်လာပြီးအတော်ကြာတဲ့အထိ
သူ့ရဲ့ရှုပ်ထွေးနေတဲ့ဦးနှောက်ထဲမှာ
အတွေးမျှင်တို့က ပင့်ကူအိမ်တို့သဖွယ်ရစ်သွယ်နှောင်ဖွဲ့နေခဲ့ရပေသည်။
သူမကိုတကယ်ပဲအခွင့်အရေးပေးသင့်လား။မပေးသင့်ဘူးလား။ သူကိုယ်တိုင်ပင်ဝေခွဲ၍မရဖြစ်ခဲ့သည်။

"ခွင့်လွှတ်လိုက်ပါ " လို့သူ့ရဲ့လူကြီးလေးက သူမအတွက်ပြောပေးခဲ့တယ်။

သူမကြောင့်မာန်ကောမင်းစက်ပါထိခိုက်နာကျင်ခဲ့ရတာတောင် သူနောက်ဆုံးအချိန်အထိမျှော်လင့်ချက်ထားခဲ့မိသေးသည်။

မင်းစက်ကိုတွန်းချခဲ့တာသူမမဟုတ်ရင်ကောင်းမှာပဲဆိုပြီး....

တကယ့်အမှန်တရားကသူမအပေါ်ထားရှိတဲ့သူ့ရဲ့နောက်ဆုံးသောမျှော်လင့်ချက်တွေကိုတစ်စစီရိုက်ချိုးပစ်ခဲ့လေသည်။

သူဟာသူမအတွက်အချိန်၂နှစ်တာကြာလွတ်လပ်ခွင့်တွေကိုအဆုံးရှုံးခံခဲ့ပေမယ့်
ထိုဆုံးရှုံးမှုတွေအတွက်လုံးဝအပြစ်မတင်ခဲ့လေဘူး။

ဒါတွေဟာဘာကြောင့်လဲဆိုတော့ ကျနော်ဟာသူမကိုသနားမိခဲ့လို့ပဲ။ သူတတ်နိုင်သလောက်သူမအပေါ်ဖေးမကူညီခဲ့တာဟာသူမလမ်းမှန်ပေါ်တဖန်လျှောက်လှမ်းနိုင်စေဖို့။ဒီလိုမျိုးတွေရက်စက်လာတတ်ဖို့မဟုတ်ခဲ့ဘူး။

သူမအနေနဲ့သူ့ဘဝထဲအချိုးကျသက်ရောက်လာမှုကသူ၏ကိုယ်ပိုင်လွတ်လပ်ခွင့်တွေထက်ပိုများပေသည်။ဒါကြောင့်
သူမကိုပျော်ရွှင်စေချင်ခဲ့သည်။

သူမမပျော်ရွှင်နိုင်ခဲ့တဲ့အဓိကအကြောင်းအရင်းမှာမာန့်အပေါ်ကျူးလွန်ခဲ့တဲ့အပြစ်တွေကသူမကိုနေ့စဥ်ရက်ဆက်ခြောက်လှန့်နေခဲ့လို့ပဲ။သူမအဲ့အပြစ်တွေကိုဝန်ချမတောင်းပန်သရွေ့သူမလွတ်လွတ်လပ်လပ်ပျော်ရွှင်နိုင်မှာမဟုတ်ဘူး။

HE=MY FIRST LOVE [ကိုယ့်အချစ်ဦး ](Completed)Where stories live. Discover now