အခန်း(၃)-အေးစက်နေတဲ့သူ့လက်ဖျားလေး

9.1K 619 4
                                    

အခန်း (၃) -အေးစက်နေတဲ့သူ့လက်ဖျားလေး

Unicode

[လိုအပ်ချက်တွေပြည့််နှက်နေတဲ့ဆက်ဆံရေး]

Break timeအချိန်၌ ရှေ့ဆုံးတန်းကကောင်မလေးသုံးယောက်ဆီသို့ရှိုင်းဇေယံတစ်ယောက်ဖြည်းဖြည်းချင်းချဉ်းကပ်သွားလိုက်၏။
သူမနေ့ကငှားသွားတဲ့စာအုပ်လေးကိုစာရေးစားပွဲဆီတင်ပေးလိုက်ပြီးဆိုလာခဲ့သည်။

"စာအုပ် ငှားပေးတဲ့အတွက်ကျေးဇူးပါ"

ရှိုင်းရဲ့အသံကိုကြားတော့ ကောင်မလေးသုံးယောက်ကမျက်နှာလေးတွေရဲခနဲနီမြန်းသွားပြီး ရှက်သွားဟန်တူသည် လက်ထဲကစတီးချိုက်လေးတွေကိုခုံပေါ်သို့ခပ်ဖြည်းဖြည်းချလာကြလေသည်။

မိန်းကလေးတွေကထမင်းစားတဲ့အချိန် အခန်းရှေ့ကယောက်ျားလေးတွေဖြတ်သွားရင်တောင်မှအသေရှက်တဲ့ဟာ အခုသူတို့crushကသူတို့ရှေ့တည့်တည့်မှာရောက်နေပြီး အားရပါးရဝါးတီးဆွဲနေကြတဲ့မြင်ကွင်းကိုအနီးကပ်မြင်သွားတဲ့အချိန်မှာတော့ သူတို့ ဆက်စားရနိုးနိုး မစားရနိုးနိုး ဝေခွဲမရဖြစ်သွားကြလေသည်။

ထိုအဖြစ်ကို ရှိုင်းကရိပ်မိတာကြောင့်
သွားထပ်ကလေးပေါ်အောင်ပြုံးလိုက်ကာနှစ်သိမ့်ပေးလာလေသည်။

"မရှက်ပါနဲ့ဟာ ငါတို့ကအချင်းချင်းတွေပဲ
ပြီးတော့ နင်တို့ငါ့ကြောင့်စိတ်အနှောက်အယှက်ဖြစ်သွားရင် sorry နော်"

ရှိုင်းစကားအဆုံးကောင်မလေးသုံးယောက်စလုံးကလည်းတစ်ယောက်မျက်နှာတစ်ယောက်ပြန်ကြည့်မိကြရင်း သွားပေါ်တဲ့အထိရယ်မိလိုက်ကြသည်။

"ရပါတယ်ဟာ နင့်ကြောင့်ငါတို့စိတ်အနှောင့်အယှက်မဖြစ်ပါဘူး"
ဟု ဒါဒါကဝင်ထောက်လိုက်ပြီးနောက်ရှိုင်းကိုမကြည့််ရဲဘဲခေါင်းလေးငုံ့သွားတော့သည်။

"ဒါနဲ့ နင်ကြက်ခြေနီအသင်းဝင်မှာလား"

သော်တာကတော့ကြက်ရိုးကိုပေါ်တင်ကိုက်လျက်ခပ်တည်တည်ပဲမေးလိုက်လေသော် ရှိုင်းဇေယံကသုံးစက္ကန့်လောက်တွေဝေတုံ့ဆိုင်းနေပြီးမှပြန်ဖြေလာသည်။

HE=MY FIRST LOVE [ကိုယ့်အချစ်ဦး ](Completed)Where stories live. Discover now