အခန်း (၂၆) -Happy New year night PartI

5.1K 434 19
                                    

အခန်း (၂၆) - Happy New year night Part I

Unicode

[လွဲချော်မှုများ]


"အကိုမင်းစက်"

Lobby တွင် လှုပ်တုပ်လှုပ်တုပ်နဲ့လျှောက်လှမ်းနေတဲ့ ညိုညက်သောအသားအရောင်တို့ဖြင့်ဆွဲဆောင်မှုတချို့ကိန်းအောင်းနေပါသည့်စီနီယာမင်းစက်ကိုတွေ့လိုက်ရတဲ့အခါ First yearအခန်းတွေဘက်ကနေပြန်ထွက်လာတဲ့ရှိုင်းကလှမ်းခေါ်လိုက်လေသည်။

ရှိုင်းခေါ်သံကြားတော့မင်းစက်ကအနောက်ဘက်သို့လှည့်ကြည့်လာကာလွယ်အိတ်ကြိုးလေးကိုပင့်တင်လိုက်ရင်းပြုံးပြလာခဲ့သည်။

"အင်း ညီလေးရှိုင်းဇေယံ"

ရှိုင်းကပြေးလာရင်းနဲ့မင်းစက်အနားရောက်တဲ့အခါသူ့ရဲ့ခြေလှမ်းတွေကိုတုံ့နှေးလိုက်တော့သည်။

" အခုတလော ကျနော်ဟန်လင်းထက်ကိုမတွေ့မိလို့။
အကိုတို့နှစ်ယောက် ဟိုတလောကရန်ဖြစ်ကြတာပြန်အဆင်ပြေသွားပြီလားဆိုတာကျနော်မေးချင်လို့ပါ"

ရှိုင်းကမင်းစက်ရဲ့မျက်နှာလေးကိုကြည့်လိုက်ရင်းထိုသို့ဆိုတော့မင်းစက်ကသူ့ရဲ့ခြေလှမ်းတွေအောက်မှာရှိနေတဲ့ကျောက်ပြားတွေဆီငုံ့ကြည့်နေရင်းဖြည်းညင်းစွာဆိုလာသည်။

"အင်း။ပြန်တော့အဆင်ပြေသွားပါပြီ။
ဒါပေမယ့် ဟန်လင်းထက်ကအခုအဆောင်မှာမရှိတော့ဘူး။အကို့အထင် သူကျောင်းကိုလည်းပြန်မလာတော့ဘူးထင်တယ်။"

ထိုအခါရှိုင်းရဲ့မျက်လုံးလေးတွေကဝိုင်းစက်သွားကာအံ့အားသင့်မှင်သက်သွားရသည်။

'ဘယ်လိုဖြစ်ပြီး ပြဿနာကဒီလောက်ထိကြီးသွားရတာတုန်း ဟိုတစ်ယောက်ပြောတော့ဘာမှမဖြစ်ဘူးဆို!'

ရှိုင်းအတွေးလွန်နေစဥ်မှာပင် မင်းစက်ကစိတ်ပျက်လက်ပျက်နဲ့ဆက်ပြောလာခဲ့သည်။သူ့ရဲ့အကြည့်တို့ကဦးတည်ရာမဲ့လွင့်မြောနေလျက်။

"ဖုန်းတော့အဆက်အသွယ်ရတယ်။အကို့ကိုအိမ်မှာလို့တော့ပြောတာပဲ။
သူ ကျောင်းပြောင်းသွားမလားဆိုတာတော့အကိုလည်းသေချာမသိဘူး။
အခုသူတက်နေတဲ့မေဂျာက နဂိုကတည်းက သူယူချင်တဲ့မေဂျာလည်းမဟုတ်ဘူးဆိုတော့လေ....."

HE=MY FIRST LOVE [ကိုယ့်အချစ်ဦး ](Completed)Dove le storie prendono vita. Scoprilo ora