အခန်း(၈) -Double Heartbeats

8.2K 517 4
                                    

အခန်း (၈) - Double Heartbeats

Unicode

[ယောကျာ်းလေးတစ်ယာက်၏လှပခြင်း]

မင်းခန့်ထည်နဲ့ဖြူစင်သော်တို့ နှစ်ယောက်သား ကျောင်းဝန်းထဲကနေကျောင်းရှေ့စင်္ကြံ အဆုံးသို့ဆိတ်ငြိမ်စွာလျှောက်လှမ်းလာခဲ့ကြသည်။

ဖြူစင်သော် ကတော့သူမရဲ့မျက်ခွံလေးတွေကို တစ်ချက်တစ်ချက်ပင့်တင်လျက် သူမချစ်သူမျက်နှာသို့ ၅မိနစ်တစ်ခါ အကဲခတ်လျက်ရှိပေမယ့် သူမ၏ချစ်သူမင်းခန့်ထည်မှာမူ
သူမကိုတစ်ချက်မျှငုံ့ကြည့်မလာဘဲ ကျောင်းရှေ့တည့်တည့်ကိုသာ မျက်နှာသွေဖယ်ခြင်းမရှိစွာ ငေးစိုက်ကြည့်နေရင်း သူရဲ့ခြေလှမ်းများကိုအရှေ့ဘက်သို့ ဖြည်းဖြည်းမှန်မှန်ဆက်လျှောက်လှမ်းနေသည်။

မင်းခန့်ထည်နဲ့ဖြူစင်သော်တို့နှစ်ယောက်သား တရွေ့ရွေ့ဖြင့်ခရီးနှင်လာရင်းနှင့် ကျောင်းရှေ့၌ ဂိတ်ထိုးလေ့ရှိသော ၇၀ကားဂိတ်သို့ရောက်လာခဲ့လေပြီ။

စက်နှိုးထားတဲ့ကားပေါ်မှာလူများကကြပ်သိပ်နေပြီဖြစ်တာကြောင့် ဖြူစင်သော်တစ်ယောက် နောက်ကားစောင့်ဖို့ဆုံးဖြတ်လိုက်ကာ မင်းခန့်ထည်ကလည်း ဖြူစင်သော်နဲ့အတူ နေအရိပ်ရှိရာဘက်၌ရပ်လိုက်ရင်း သူမကိုအဖော်စောင့်ပေးလေသည်။

ဖြူစင်သော်က သူမ သိချင်တဲ့အရာမှန်သမျှကိုကြိတ်မှိတ်မြိုသိပ်ထားလေ့မရှိတာကြောင့် သူမသက်ပြင်းတစ်ချက်ချကာ စကားပြောဖို့အရှိန်ယူလိုက်သည်။

"မောင် မာန်နဲ့အဆက်အသွယ်ရသေးလား"

သူမနောက်ဆုံးတော့ ထိုသူအား ထိုမေးခွန်းကိုမေးမိလိုက်ပါသည်။

ထို 'မာန်' ဆိုတဲ့နာမည်လေးတစ်လုံးက
သူမရဲ့နှုတ်ဖျားတွေထက်ကနေထွက်ကျလာဖို့အတွက်အလွန်တရာခက်ခဲလှတဲ့ စကားလုံးတစ်လုံးပင်။

သူမနှုတ်ဖျားထက်မှထွက်လာခဲ့သော ထိုမာန်ဆိုသော အမည်နာမလေးကြောင့် သူမချစ်သူရဲ့တုံ့ပြန်မှုနဲ့ပက်သတ်၍သူမထံ၌ယုံကြည်ချက်တို့ကင်းမဲ့နေကာ ဆောက်တည်ရာမရဖြစ်နေရလေသည်။

HE=MY FIRST LOVE [ကိုယ့်အချစ်ဦး ](Completed)Where stories live. Discover now