အခန်း (၂၉) - NEVER

4.8K 456 12
                                    

အခန်း (၂၉) - NEVER

Unicode

[ချစ်ခြင်းကိုကျော်လွန်၍လျှို့ဝှက်စွာမြတ်နိုးခြင်း ]


မင်းခန့်ထည်ဟာ ညနေစာစားပြီးနောက်ဖြူစင်သော်တို့အိမ်မှထွက်လာခဲ့သည်။

မှတ်တိုင်တစ်ခု၌ကားစောင့်နေစဥ်စီးရမည့် YBSမှာအရိပ်အယောင်ပင်မမြင်ရသေးတာကြောင့်ကားမှတ်တိုင်တွင်ခနထိုင်ကာ အိတ်ထဲမှဖုန်းလေးအားထုတ်ကြည့်မိသည်။သို့သော်ဖုန်းမှာ powerပိတ်နေကြောင်းသိလိုက်ရသောကြောင့် ဘေးရှိ powerခလုတ်လေးအား အားနဲနဲစိုက်ကာဖိလိုက်မှ ဖုန်း screenကပြန်လင်းလာသည်။screenပြန်လင်းလာပြီးခနအကြာ သူ၏ဖုန်းမှာ အဆက်မပြတ်တုန်ခါလာတော့သည်။

မင်းစက်ဆိုတဲ့ contact nameပိုင်ရှင်မှ missed callများစွာကအနီရောင်အတန်းလိုက်စီခြယ်ထားလျက်။
ထို့ကြောင့် မင်းခန့်ထည်လည်းထိုcontact nameကိုနှိပ်လိုက်ကာ မင်းစက်ကိုဖုန်းပြန်ခေါ်လိုက်သည်။

ဖုန်းလဲဝင်သွားကော တစ်ဖက် screenမှ အသံဆိုးနဲ့ကောင်လေးတစ်ယောက်ကဆဲရေးသံပေါင်းစုံညံညံစီလျက်အော်ဟစ်ပြောဆိုလာတာကြောင့်မင်းခန့်ထည်ခမျာ နားပါအူသွားရသည်။

"လခွမ်း ! ငုံးးးးးးး! သူတောင်းစား!
ခွေးကောင်မင်းခန့်ထည် ! မင်းဘယ်ရောက်နေတာလဲ ဟမ် ! ဖုန်းကိုတောင်စက်ပိတ်ထားရအောင် မင်းစော်နဲ့ပလူးနေရတာမအားလို့လားကွ!"

"ချီးပဲ ဟိတ်ကောင် မင်းသောက်ပေါက်ကိုပိတ်ထားစမ်း ! စက်ကသူ့ဘာသာသူပိတ်သွားတာငါကဘယ်လိုတတ်နိုင်မှာတုန်း"

နှစ်ယောက်သားသူတစ်ပြန်ကိုယ်တစ်ပြန်နဲ့ဆဲရေးကြပြီးနောက် မင်းစက်ကသူ့အသံကိုလျှော့လိုက်ကာ ဆိုလာသည်။

"အခုချက်ချင်းသန်လျင်ဆေးရုံကိုလာခဲ့။
ရှိုင်းဆေးရုံတင်ထားရတယ်။"

ထိုစကားအဆုံးမင်းခန့်ထည်ရဲ့မျက်ဝန်းတွေကပြူးကျယ်သွားရပြီးကားမှတ်တိုင်တွင်ထိုင်နေရာမှဗြုန်းခနဲမတ်တပ်ထရပ်မိသည်။

"ဘယ်လိုဖြစ်တာလဲ!!!!"

မင်းစက်ကသူ့အားဖြစ်ကြောင်းကုန်စင်ပြောပြလာတဲ့အခါ မင်းခန့်ထည်လည်းအေးဆေးမနေနိုင်တော့ပေ။သူရရာ Taxiကိုလှမ်းတားလိုက်ပြီး ကားသမားအားဆေးရုံသို့အပြေးနှင်ခိုင်းရသည်။

HE=MY FIRST LOVE [ကိုယ့်အချစ်ဦး ](Completed)Where stories live. Discover now