အခန်း (၄၀) - မိုး၏အကျိုးဆက်များ

4.5K 366 19
                                    

အခန်း (၄၀) - မိုး၏အကျိုးဆက်များ

Unicode

[Espresso Coffeeလေးကသိပ်ခါးတယ် ]


သူအိပ်ပျော်သွားတုန်းတခန ပြတင်းပေါက်အပြင်ဘက်ဆီကနေ တဖောက်ဖောက်မြည်သံလေးတွေကအဆက်မပြတ်ထွက်ပေါ်နေလေသည်။

ထိုအသံလေးတွေကတစ်စထက်တစ်စကျယ်လောင်လာတာမို့သူ့ရဲ့သိချင်စိတ်တို့ကိုနှိုးဆွလို့နေတာကြောင့်ခုတင်ထက်ကနေခြေထောက်တွေကိုချလိုက်တော့အေးစက်စက်သမံသလင်းနဲ့အရင်ထိတွေ့သွားပြီးမှ ဘေးဘီဝဲယာကိုခြေဖျား၂ဖက်နဲ့စမ်းလိုက်တဲ့အခါကွင်းထိုးဖိနပ်လေးကိုတွေ့ရှိသွားခဲ့သည်။ကြည့်ရတာကိုဆက်ယံကသူ့အတွက်ထားထားပေးတာဖြစ်မည်ထင်။

သူကွင်းထိုးဖိနပ်လေးကိုစီးလိုက်ပြီးနောက်ခြေလှမ်း၅လှမ်းစာမျှလှမ်းလိုက်လေသော်ထိုတဖောက်ဖောက်အသံတို့နဲ့တဖြည်းဖြည်းနီးကပ်လာရသည်။

သူ့လက်တစ်ဖက်ကိုရှေ့ထုတ်စမ်းကြည့်လိုက်တော့အေးစက်ချောမွတ်နေသောအရာဝတ္ထုတစ်ခုကိုထိတွေ့ခံစားလိုက်ရကာပြတင်းပေါက်ရဲ့မှန်ချပ်တွေဖြစ်နေလေ၏။

ထိုမှန်ချပ်တွေကိုထိကိုင်ကြည့်လိုက်သည်နှင့် သူ့လက်ချောင်းထိပ်တို့ကစိုစွတ်သွားလေရာအခန်းအတွင်းဘက်က ဖွင့်ထားတဲ့ Air conအရှိန်ကြောင့်တံခါးမှန်တွေမှာရေငွေ့ရိုက်နေချေသည်။

ဒါဆို ထိုတဖောက်ဖောက်အသံကကောဘယ်ကထွက်လာတာလဲ ?

အခန်းပြတင်းပေါက်တံခါးလေးအားအပြင်ဘက်ဆီသို့တွန်းဖွင့်လိုက်တာနဲ့တစ်ပြိုင်နက် သူ၏မျက်နှာထက်ဆီသို့ရေပေါက်ကလေးများကလွင့်စင်လာခဲ့သည်။

မိုး.................

ဆောင်းရာသီမှာမိုးရွာတယ်.......

သူကြားနေရတဲ့တဖောက်ဖောက်အသံတို့ဟာတကယ်တော့ကောင်းကင်ယံထက်ဆီကနေလှလှပပသက်ဆင်းလာခဲ့တဲ့မိုးစက်မိုးပေါက်ကလေးများသစ်ရွက်စိမ်းစိမ်းတို့နှင့်ထိခတ်မိ၍ ထွက်ပေါ်လာခဲ့တဲ့အသံတို့ပေ။

HE=MY FIRST LOVE [ကိုယ့်အချစ်ဦး ](Completed)Where stories live. Discover now