အခန်း(၅)-မထင်မှတ်ထားသောလုပ်ရပ်

8.4K 554 4
                                    


အခန်း(၅)- မထင်မှတ်ထားသောလုပ်ရပ်

Unicode

[ဟာသဆန်ဆန်လွဲချော်မှု]

သူ ကြက်ခြေနီသင်တန်းတက်တာ ဒီနေ့နဲ့ဆိုလေးရက်ရှိလေပြီ.....

အခြေခံညွှန်းတမ်းများကိုလည်း ဖတ်ရှုလေ့လာခဲ့ပြီးပြီဖြစ်သလို သွေးတိတ်အောင်လုပ်ရတဲ့လုပ်ငန်းစဉ်တွေ၊ ပတ်တီးစည်းတဲ့အဆင့်တွေအထိ သူအောင်အောင်မြင်မြင်နဲ့ဖြတ်ကျော်ခဲ့ပြီးပြီဖြစ်ပေမယ့်
ဒီနေ့တွင်တော့ သူဖြတ်ကျော်နိုင်ဖို့ဆိုတာဟာလုံးဝမသေချာတဲ့အပြင်ကို ကံဆိုးမိုးမှောင်ကျတဲ့နေ့ရက်တစ်နေ့ဟုလည်းဆိုရပေမည်။

"ဒီနေ့ နောက်ဆုံးသင်ရမှာကတော့ mouth to mouth respiration systemပဲဖြစ်ပါတယ်
အဲ့ဒါကြောင့် သင်တန်းသူ သင်တန်းသားများ နှစ်ယောက်တစ်ဖွဲ့ဖွဲ့ထားကြပါ"

ဆရာ့စကားအဆုံး တချို့လူတွေကတော့ အချိန်တိုအတွင်း အဖွဲ့,ဖွဲ့ပြီးကြပြီဖြစ်ကာ
သူကတော့ အခုထိ ၂ယောက်တစ်ဖွဲ့မဖွဲ့နိုင်သေးသလို သူကိုယ်တိုင်ကလည်းသင်တန်းကလူတွေနဲ့သိပ်မရင်းနှီးတာကြောင့် ဖွဲ့စရာလူရှိမနေခဲ့ခြင်းဖြစ်သည်။

အမှန်တိုင်းဝန်ခံရရင် သင်တန်း၌ သူရင်းနှီးတာဆိုလို့ ကလျာတို့သုံးယောက်ပဲရှိရာ ထိုသုံးယောက်ရဲ့စည်းရုံးရေးကောင်းမှုကြောင့်သင်တန်းတက်လိုက်ရပေမယ့်
ထိုအမတော်သုံးယောက်ကတော့သူ့အားပလစ်သွားခဲ့လေပြီ။ တစ်ယောက်တည်းငုတ်တုပ်ဖြစ်နေပါတဲ့သူ့ကိုတောင်သတိမရကြတော့ပေ။

ဒါကဘယ်လောက်တောင်ဝမ်းနည်းစရာကောင်းလိုက်လဲ !

သူသောကများနေစဉ်မှာပင် သင်တန်းက ဒုခေါင်းဆောင်ဖြစ်တဲ့ မြတ်မင်းစက်ဆိုတဲ့အကိုတစ်ယောက်က 2nd yearကအမတစ်ယောက်နဲ့အတူ သူ့အားအဖွဲ့ဖွဲ့ခိုင်းလေသည်။သူကိုယ်တိုင်ကလည်းရွေးချယ်စရာမရှိတဲ့အဆုံးထိုအကိုပြောတဲ့အတိုင်းလက်ခံလိုက်ရသည်။

ဘာပဲဖြစ်ဖြစ်လေ ဒါကသင်တန်းနောက်ဆုံးနေ့ပဲ။ ကြိတ်မှိတ်သည်းခံလိုက်တာနဲ့မကြာခင်ပြီးဆုံးသွားမှာဖြစ်တာကြောင့်သူသိပ်ပြီးစိတ်ထဲထားမနေတော့ပေ။

HE=MY FIRST LOVE [ကိုယ့်အချစ်ဦး ](Completed)Where stories live. Discover now