အခန်း(၁၃) - Love means.....

6.7K 486 6
                                    

အခန်း (၁၃) - Love means....

Unicode

[ကော်ဖီလှည်းလေးရဲ့ဖောက်သည်]

မနေ့ကမနက်အထိလေးရက်စလုံး အခန်းရှေ့သို့တစ်စုံတစ်ယောက်ရဲ့လိုက်ပို့ခြင်းကိုခံရတဲ့ခံစားချက်တချို့နဲ့အသားကျနေခဲ့ပြီဖြစ်တဲ့ သူဟာ ဒီနေ့မနက်လိုက်ပို့မယ့်သူမရှိတဲ့အခါ ရင်ထဲတိုးဝင်လာတဲ့ဟာတာတာခံစားချက်ကြီးကြောင့်နေရခက်နေလေသည်။

အားငယ်စိတ်တွေကဘယ်အချိန်ကနေစတင်ပြီးဝင်ရောက်လာခဲ့မှန်းမသိ။  ထိုသို့အားငယ်စိတ်ဝင်တိုင်းလည်း ကိုယ့်ကိုယ်ကို ဒေါသထွက်မိတာကလွဲလို့ ကျန်တာဘာမှမတတ်နိုင်ခဲ့ပေ။

John Legendရဲ့ All of me ဆိုတဲ့သီချင်းလေးကို Piano Versionပြန်တီးထားတဲ့ သံစဥ်လေးကိုနားထောင်နေရင်း နားကြပ်အဖြူရောင်လေးက လေအဝှေ့တွင်လွင့်မြောနေခဲ့ကာ လေးလံတဲ့ခြေလှမ်းတွေနဲ့ ကောင်လေးတစ်ယောက်ကအတန်းထဲကိုလျှောက်လှမ်းလာခဲ့လေသည်။

သူအတန်းထဲရောက်တော့ မနက်၉နာရီထိုးနေပြီဖြစ်သည်။

အလယ် Rollတတိယတန်းလေးမှာဝင်ထိုင်လိုက်ပြီးမကြာခင်တွင် Englishတီချယ်ကအတန်းထဲသို့ဝင်လာခဲ့ကာ IELTSစာအုပ်ကိုထုတ်ခိုင်းပြီးစာစသင်လေ၏။

မနက်ပိုင်းသုံးချိန်စလုံးက Englishအချိန်ချည်းပဲဖြစ်တာကြောင့် ကျောင်းသားတွေက တဖြည်းဖြည်းနဲ့ပျင်းရိငြီးငွေ့လာကြကာ တချို့ကျောင်းသားတွေခမျာခုံနဲ့ခေါင်းနဲ့ဆောင့်မိတဲ့အထိငိုက်ခနဲဖြစ်သွားကြရသည်။

သို့သော်စာအုပ်ကိုကြည့်ပြီးသင်နေတဲ့ တီချယ်ကြီးကမူ ကျောင်းသားတွေရဲ့ထိုသို့သောအလွန်တရာမှတက်ကြွနေမှုကိုစိတ်မဝင်စား။ Paragraphတွေကိုသာတစ်ပိုဒ်ပြီးတစ်ပိုဒ်မရပ်မနားဆက်ရှင်းပြနေလေ၏။

ပထမအချိန်တစ်ဝက်လောက်အထိတော့ လူက စာအကုန်လိုက်မှတ်နိုင်ပေမယ့် အချိန်တစ်ဝက်ကျိုးလာလေသော် စာထဲမှာစိတ်မနှစ်နိုင်တော့ပေ။
အတန်းလာကတည်းက စိတ်ကသိပ်မကြည်တာမို့ ပြွက်သိပ်နေတဲ့စာပိုဒ်ကြီးတွေကိုကြည့်ပြီး တဖြည်းဖြည်းနှင့်သည်းခံနိုင်စွမ်းကုန်သွားရတော့သည်။

HE=MY FIRST LOVE [ကိုယ့်အချစ်ဦး ](Completed)Where stories live. Discover now