အချပ်ပို (၁)- ဤလူသားကိုကျနော်ပိုင်သည်

1.7K 80 0
                                    

အချပ်ပို (၁)- ဤလူသားကိုကျနော်ပိုင်သည်

Unicode

[Winter is over, Spring is back]

မနေ့ထဲကအိမ်ပေါ်ကိုအထုပ်ဆွဲပြီးတက်လာတဲ့အနှီကောင်စုတ်မှာဒီနေ့ညနေအထိ သူ့ရဲ့ကွန်ဒိုပေါ်ကနေဆင်းသွားမယ့်အစီအစဥ်မရှိဟန်တူသည်။ ခရီးဆောင်အိတ်ထဲက အဝတ်အစားတွေကိုအခန်းထဲကအဝတ်ဗီရိုထဲသို့တစ်ထည်ချင်းတစ်ထည်ချင်းထည့်နေကာ ရေချိုးခန်းထဲကအသုံးအဆောင်ပစ္စည်းများပင်လျှင်အချိန်ခနလေးအတွင်း၌နှစ်ယောက်စာဖြစ်သွားရသည်။

ထို့တွင်မပြီးသေး။ ပန်းကန်၊ဇွန်း၊  သောက်ရေခွက်အစရှိတဲ့အသုံးအဆောင်ပစ္စည်းတွေတောင်ဆင်တူနှစ်စုံဖြစ်သွားရပြီး တစ်အိမ်လုံးကိုသူ၏စိတ်ကြိုက်ခြယ်လှယ်နေပေသည်။

" မင်းငါ့အိမ်ကနေဘယ်နေ့ဆင်းမှာလဲ ? "

သည်းမခံနိုင်တဲ့အဆုံး ရှိုင်းဆက်ယံမှာအခန်းတံခါးကို ဘန်းခနဲဖွင့်လိုက်ပြီး မျက်မှောင်ကြုတ်ကာဆူပုတ်နေလျက် စိတ်မရှည်စွာမေးလိုက်လေသည်။

စိုင်းသီဟက ရှိုင်းဆက်ယံရဲ့ ခြေထောက်သွယ်သွယ်ကလေးတွေကအစ ချောမောပြေပြစ်တဲ့မျက်နှာကလေးအဆုံး သူ၏ရီဝေဝေမျက်ဝန်းများနှင့်ပြန်ကြည့်လာပြီး မထိတထိစလိုက်သည်။

" မဆင်းဘူး .... "

"ဘာ !! "

ရှိုင်းဆက်ယံမှာ မျက်စိရှေ့ကလူယုတ်မာအပြုံးနှင့်ပြုံးပြနေသော မျက်နှာပြောင်တိုက်လှသည့်အနှီလူသားအားပိတ်ကန်ချင်စိတ်တို့ပေါက်လာရကာ ပြေးကန်လိုက်လေတော့သည်။

စိုင်းသီဟကတော့သူ၏ကန်ချက်ကိုမရှောင်မတိမ်းသလို သူ့အားကန်ထည့်လိုက်သောရှိုင်းဆက်ယံ၏ပိန်ပါးပါးခြေချင်းဝတ်လေးကိုနူးညံ့ညင်သာစွာဆွဲကိုင်လိုက်ကာအနောက်ဘက်ရှိခုတင်ပေါ်သို့ပစ်လှဲချလိုက်လေသည်။

သူကတော့ရှိုင်းဆက်ယံအားအပေါ်စီးကနေအုပ်မိုးထားလျက်။

"မင်း ....! "

ရှိုင်းဆက်ယံမှာပြောစရာစကားများပင်ပျောက်ရှသွားရကာ မျက်နှာကလေးမှာ နှင်းဆီနီလေးတစ်ပွင့်ပမာ နှစ်သက်ဆွတ်ပျံ့ဖွယ်ကောင်းလှစွာရှက်သွေးဖြာသွားရသည်။

HE=MY FIRST LOVE [ကိုယ့်အချစ်ဦး ](Completed)Where stories live. Discover now