အချပ်ပို (၅) အပိုင်း (၂)-ထာဝရထိတိုင်အောင်မင်းကိုချစ်သွားမယ်

2.8K 97 11
                                    

အချပ်ပို (၅) အပိုင်း (၂)
-
ထာဝရထိတိုင်အောင်မင်းကိုချစ်သွားမယ်

Unicode

[Will you marry me?]

နောက်တစ်နေ့မှာတော့မင်းခန့်ထည်နဲ့ရှိုင်းဇေယံဆိုတဲ့အချစ်ငှက်လေး၂ကောင်ဟာသူတို့ရဲ့တောင်ပံလေးတွေကိုဖြန့်ကျက်ရင်းဖြင့် သူတို့ဆုံတွေ့ခဲ့ကြတဲ့အချစ်အသိုက်အမြုံတစ်နေရာဆီသို့ အချိန်တွေကြာတဲ့အထိနွေးထွေးနေဆဲဖြစ်တဲ့ရင်ခုန်သံတွေနဲ့အတူပျံသန်းခဲ့ကြသည်။

ခရီးတစ်လျှောက်လုံးကိုဘက်စ်ကားနဲ့ပဲသွားခဲ့ကြရာ လင်းထွဋ်ရှိန်နဲ့ပိုင်စစ်တို့ကလိုက်ပို့ပေးမည့်အကြောင်းပြောပေမယ့်၂ယောက်စလုံးကတပြိုင်နက်ငြင်းဆန်ခဲ့ကြလေသည်။

မှုန်ဝါးဝါးကားပြတင်းမှန်ကနေတဆင့် ရှုခင်းတွေကိုငေးကြည့်နေတဲ့ရှိုင်းဇေယံဟာ သူ၏ပခုံးထက်သို့မှီကာအိပ်ပျော်နေတဲ့တစ်ယောက်သောသူရဲ့ခေါင်းကိုထိန်းကိုင်ပေးထားရင်းတချို့သောပြတင်းပေါက်တွေကနေတဆင့်ဖြတ်တိုက်လာတဲ့နွေလေပူတွေက
သူ့အားကလူကျီစယ်သွားတာကိုသဘောတကျခံယူနေပေ၏။

သူ၏ပခုံးထက်ကနက်မှောင်ရှည်သွယ်လှသောမျက်တောင်မွှေးလေးတွေပိတ်ကျနေတဲ့လူသားကိုခေါင်းလှည့်ကြည့်လိုက်ရင်း အရင်အချိန်တွေဆီသူပြန်တွေးမိလေသည်။

သူတို့၂ယောက်စစတွေ့တဲ့အချိန်တုန်းက မင်းခန့်ထည်ဆိုတဲ့ချောမောခန့်ညားတဲ့ သူ၏ချစ်ရသူဟာ MK Gpရဲ့ CEOလည်းမဟုတ်သေးသလို ရွှေစံအိမ်ရဲ့ရွှေမင်းသားလေးဖြစ်မှန်းလည်းသူမသိရှိခဲ့ပေ။

သူ၏မျက်ဝန်းတွေထဲကနေမြင်နေရတဲ့ ကိုခန့်ဆိုတာဟာ MC Majorရဲ့ Roll4ကျောင်းသားလေးတစ်ဦးဖြစ်ပြီး ကြက်ခြေနီအဖွဲ့ရဲ့ခေါင်းဆောင်တစ်ယောက်လည်းဖြစ်သည်။ ဂျူနီယာတွေအပေါ်၌တာဝန်ကျေပွန်စွာဆောင်ရွက်ပေးတတ်တဲ့စီနီယာအကိုကြီးတစ်ယောက်လည်းဖြစ်သလို သူငယ်ချင်းတွေအပေါ်မှာလည်းစောင့်ရှောက်ကာကွယ်ပေးတတ်တဲ့သူငယ်ချင်းကောင်းတစ်ယောက်လည်းဖြစ်ပေသည်။

ပြီးတော့သူသိပ်ချစ်ရတဲ့ဤလူသားဟာဆိုရင်အလွန်တရာမှအချစ်ကြီးကာသစ္စာရှိပြီးကောင်းမွန်ပြည့်စုံသောလူသားတစ်ယောက်ဖြစ်တယ်ဆိုတဲ့အချက်ကိုလည်း သူချန်ထားခဲ့လို့မရပေ။

HE=MY FIRST LOVE [ကိုယ့်အချစ်ဦး ](Completed)Where stories live. Discover now